Victors

History is written by the Victors.
သမိုင်း ဆိုတာ အောင်နိုင်သူတွေ ရေးထိုးတာ။

Winston Churchill

ကျရှုံးသူ ပြောတဲ့ သင်ခန်းစာတွေ အတွက် နားထောင်သူတွေ ရှိချင်ရှိမယ်။
အောင်မြင်သူတွေ ပြောတဲ့ စကား၊ မိန့်ခွန်းတွေလောက် နားထောင်ပေး ထိရောက်လိမ့်မှာတော့ မဟုတ်ဘူး။

ပထမ ရမှ၊ ရွှေတံဆိပ် ရမှ အောင်နိုင်သူ မဟုတ်ပါဘူး။
ကိုယ်ရွေးချယ်တဲ့ အလုပ်မှာ ထိပ်ဆုံး ၅/၁၀ ထဲ ဝင်တယ် ဆိုရင်လည်း အောင်မြင်တယ် ပြောရမှာပဲ။

ဘဝ တင်းတိမ် ရောင့်ရဲတတ်သူတွေ ကတော့ လောဘ ဆိုတဲ့ ရလိုမှုလည်း နည်းပါတယ်။
သူတို့အတွက်ကတော့ ဘာမှ မှတ်ချက် မပေးချင်ပါဘူး။

ငွေ/ပိုက်ဆံ ရလိုမှု လောဘတွေ ကျတော့ ရှိပြီး ပညာလောဘ၊ ကြိုးစားအားထုတ်မှုလောဘတို့ မရှိရင်တော့ ယုတ္တိ မရှိပါဘူး။

There is no free lunch. အလကား ရတဲ့ နေ့လည်စာ ဆိုတာ မရှိပါဘူး။
ဆိုလိုတာက ဘယ်အရာမဆို တခု လိုချင် တခု ပေးရတာချည်းပါပဲ။ အလကား မရနိုင်ပါဘူး။

သမိုင်း ချန်ထားခဲ့ချင်ရင် အောင်နိုင်သူ ဖြစ်အောင်လုပ်။