ဒေါက်တာ ဖြိုးသီဟ – ဗုဒ္ဓအလိုကျ Minimalism

ဒီစာအုပ်က ဗုဒ္ဓအဆုံးအမ​တွေကို ​ခေတ်ကာလ အ​ခြေအ​နေ​နဲ့ ချိတ်ဆက်ပြီး လက်​တွေ့ အသုံးချနိုင်​စေဖို့၊ စိတ်ဖိစီးစရာ၊ ပူလောင်စရာ​​တွေနဲ့ ပြည့်နှက်​​နေတဲ့ ဒီဘက်​ခေတ်မှာ ရိုးရှင်းစွာ ​နေထိုင်ခြင်းဖြင့် စိတ်​အေးချမ်းမှုကို ရှာ​ဖွေနိုင်ဖို့၊ စိတ်ရဲ့ သဘာဝ​တွေကို သိနားလည်ပြီး စိတ်​ပျော်ရွှင်မှုကို တည်​ဆောက်နိုင်ဖို့ ရည်ရွယ်​ရေးသားထားတဲ့ စာအုပ် ဖြစ်ပါတယ်။

စာအုပ်ထဲမှာ
• ရိုးရှင်း​သော ဘဝ​နေထိုင်မှု (Minimalism)
• စိတ်၏ သဘာဝများ (Nature of mind)
• စိတ်ခံစားချက် ကျန်းမာ​ရေး (Emotional Health)

Audiobooks

Bookmark Quote

If you are not happy, make other people happy.

ကိုယ် မပျော်နေဘူး ဆို တခြားသူတွေကို ပျော်အောင် လုပ်ပေးလိုက်ပါ။

Review

ဗုဒ္ဓအလိုကျ Minimalism စာအုပ် နာမည် အတိုင်းပဲ … ဗုဒ္ဓဝါဒ/ဘာသာ နှင့် Minimalism ကို ရှင်းပြသွားတာ တော်တော် ကောင်းပါတယ်။

တအုပ်လုံး နီးပါး ကောင်းတာမို့ ဝယ်ဖတ်ဖို့ အကြံပြုပါတယ်။ ဒါမှမဟုတ် အပေါ်က Audiobook အစ မှ အဆုံး ထိ နားထောင်ကြည့်ပါ။

Leave a Reply

Your email address will not be published. Required fields are marked *