LastPass
https://www.youtube.com/@LastPass
Tagline က The Last Password You’ll Ever Need. ဆိုတဲ့အတိုင်း
LastPass Master Password မာစတာ ပက်ဝေါ့ တခုတည်း နောက်ဆုံးအနေနဲ့ လိုအပ်တော့ မှာပါ။
အဲ့တခုတည်း ပဲ သေသေချာချာ မှတ်ထားပါ။
ကျန် ပက်ဝေါ့ လျှို့ဝှက်ကုဒ်တွေကိုတော့ LastPass မှာပဲ မှတ်ထားပါ။
အခြား Passwords ပေါင်းများစွာ ကို LastPass ဆိုတဲ့ Password Manager ထဲမှာ မှတ်ထားရုံတင်မက ကလစ် ၁ချက်တည်းနဲ့တင် Autofill လုပ်ပြီး Login ဝင်နိုင်ပါလိမ့်မည်။
အချိန် အများကြီး သက်သာ ပါလိမ့်မယ်။
အခြားသူ ကွန်ပျူတာ/လက်တော့ သုံးရင်လည်း LastPass ဝင်ပြီး ကိုယ့် လျှို့ဝှက်ကုဒ် အကုန် ယူလို့ ရတယ်။ သုံးပြီးရင်လည်း Logout နှိပ်ရုံနဲ့ ဘာမှ မကျန်ခဲ့ဘူး။
LastPass Platforms
Platform မျိုးစုံ (Web, Mac, iOS, Safari Add-in, Window App, Android, Chrome Add-in, Firefox Add-in, Opera Add-in, etc.) တွင် အသုံးပြုနိုင်ပါတယ်။ အလကားသုံးတာကို အရင်က Device ကန့်သတ်မထားပေမယ့် အခုတော့ Device တခုတည်းတွင်သာ အသုံးပြုနိုင်ပါတော့တယ်။ Multidevice အသုံးပြုချင်ရင်တော့ လစဉ်ကြေးပေးရပါမယ်။