Pepsi ပက်စီ နှင့် Coca-Cola ကိုကာကိုလာ – Soda ဆော်ဒါ အချိုရည်ထဲမှာ ထိပ်တိုက်ပြိုင်ဘက်တွေ။
Holidays ပိတ်ရက်တွေ နှင့် Special days နေ့ထူးနေ့မြတ်တွေ က မာကတ်တင်းသမား Marketers တွေ အတွက် အများပြည်သူကြား ပေါက်ပြီး ပြန့်တဲ့ အနုပညာ Viral ဖြစ်အောင် လက်စွမ်းပြဖို့ လုပ်နေကြတာ။
We wish you a scary Halloween!
ကြောက်စရာကောင်းတဲ့ ဟယ်လိုးဝင်းနေ့လေး ဖြစ်ပါစေ လို့ ကျနော်တို့ ဆုတောင်းပေးပါတယ်။
2013 Halloween ဟယ်လိုးဝင်းနေ့ အတွက် Pepsi Ads ဖန်တီးလိုက်တဲ့ ဓာတ်ပုံ က Viral ဖြစ်သွားခဲ့တယ်။ ကြောက်သွားအောင် Scary ဖြစ်သွားအောင် ကိုကာကိုလာ ဝတ်ရုံ ခြုံထားတယ်ပေါ့။
အကယ်၍ တရားရင်ဆိုင်ရရင် ဖြေရှင်းလို့ ရအောင်လည်း ကိုလာကိုကာ ဆိုပြီး ပြောင်းပြန် ရေးထားတယ်။ ဒါတွေက သူတို့ မှားရေးတာ မဟုတ်ဘူး။ တမင်သက်သက် မှားအောင်ကို ရေးထားတာ။
Everybody wants to be a hero!
လူတိုင်း က သူရဲကောင်း ဖြစ်ချင်ကြတာပဲ။
Pepsi ကြော်ငြာဓာတ်ပုံ ကိုပဲ အတိအကျ ပြန်သုံးထားပြီး လိုဂိုတံဆိပ် ပြောင်းထားတယ်။ စာသား ပြောင်းထားတယ်။
Superman/Batman ဝတ်ရုံ သဘောမျိုး သူရဲကောင်း လို Pepsi က တုတယ်ပေါ့လေ။
ကိုကာကိုလာ ကုမ္ပဏီ က ဖန်တီးထားတာ မဟုတ်ဘဲ ကိုကာကိုလာ ကြိုက်တဲ့ သူ့ Fan ပရိသတ် တယောက် ဖန်တီးထားတာပါ။ အမှတ်တံဆိပ် Brand ကို တည်ဆောက်ထားတာ ကောင်းလွန်းတော့ သူ့ပရိသတ် နဲ့ သူပရိသတ် Fan က ရှိနေပြီးသား။