Andrew Carnegie

ရင်းနှီး မြှပ်နှံခြင်း

ချမ်းသာရေး နည်းလမ်း တစ်ခု မှာ သင့်မှာ ရှိတဲ့ ဥ အားလုံး ကို ခြင်း တစ်ခုတည်း မှာ ထည့်ပြီး စောင့်ကြည့်ခြင်း ပင် ဖြစ်သည်။

အောင်မြင်ရေး

အောင်မြင်ရေး လျို့ဝှက်ချက် ဟာ ကိုယ့်အလုပ် ကိုယ်လုပ်ခြင်း မဟုတ်ပါဘူး။

အဲ့ဒီ အလုပ်လုပ်ဖို့ အသင့်လျော်ဆုံးသူ ဘယ်သူလဲ ဆိုတာ သိမြင်ဖို့ပါပဲ။

အာရုံ ထားခြင်း

ကျနော် အသက်အရွယ် ရလာတာနဲ့ အမျှ လူတွေ ပြောတာ သိပ်အာရုံ မစိုက်ဖြစ်တော့ဘူး။

သူတို့ လုပ်တာတွေ ကိုပဲ ကြည့်လေ့ ရှိတော့တယ်။

စိတ်ဓာတ် မြှင့်တင်ခြင်း

လူ တစ်ယောက် ဟာ ဘယ်လောက် ပါရမီ ရှိတယ် ပြောပြော
ကိုယ့်ဘာသာကိုယ် စိတ်ဓာတ် မ မြှင့်တင်နိုင်ဘူး ဆိုရင်
သာမန် ရွက်ကြမ်းရေကျို အဆင့် မှာပဲ ရှိနေပါလိမ့်မယ်။

အာရုံ စူးစိုက်ခြင်း

စွမ်းအားတွေ အတွေးတွေ ပိုင်ဆိုင်ခြင်းတွေ ကို စုစည်းပါ။

ပညာရှိတွေဟာ ဥအားလုံး ကို ခြင်းထဲ ထည့်ထားသကဲ့သို့ စုစည်းထားလေ့ ရှိကြသည်။

အခွင့်အရေး

ပထမ လူ ဟာ ကနုကမာ ရမှာ ဖြစ်ပြီး
ဒုတိယ လူ ကတော့ အခွံမာ ပဲ ရမှာ ဖြစ်ပါတယ်။

ခေါင်းဆောင်မှု

အလုပ် အားလုံး ကို သူကိုယ်တိုင် အားလုံး လုပ်ခြင်း (သို့မဟုတ်) အောင်မြင်မှု အတွက် အသိအမှတ်ပြုမှု ကို သူတစ်ယောက်တည်း ယူခြင်း စသည့် လုပ်ရပ်မျိုးသည် ခေါင်းဆောင်ကောင်း တစ်ယောက် ၏ လုပ်ရပ်မျိုး မဟုတ်ပေ။