Hero ဆိုတာ သူရဲကောင်း။ Anti- ဆိုတာ ပြောင်းပြန် ကို ဆိုလိုတတ်တာ ဖြစ်လို့ Anti-Hero ဆိုတာ လူဆိုး လား ဆိုတော့ မဟုတ်ပါဘူး။ လူဆိုး က Villain ပါ။

Anti-Hero or Antihero က စင်လုံးချော ကောင်းကွက်တွေ ချည်း မဟုတ်ဘဲ ဆိုးကွက်လေးတွေ ရှိတဲ့ သူရဲကောင်း ပါ။ Superhero or Hero တွေကို စင်လုံးချော Perfect အနေနဲ့ ပုံဖော်ကြတယ်။ ချို့ယွင်းချက် ပါလည်း အပြစ် ပြောရလောက်အောင်ကို မဖြစ်ဘူး။ Anti-Hero ကျတော့ အဲ့လို မဟုတ်တော့ပါဘူး။ ဆိုးကွက် က သိသာအောင် ကို ပါပါတယ်။ ဒါကပဲ ယုတ္တိဆန် လူစရိုက်ဆန် စေတာပါ။

လူသားဆန်တယ် ဆိုတဲ့ အရေးအသား မသုံးတာက လူသားဆန်တယ် ဆိုတာကို ကောင်းတဲ့သဘောမျိုး နဲ့ အသုံးများလို့ပါ။ လူစရိုက်ဆန်တယ် အရေးအသား သုံးထားတာက လူ ဆိုတာ စင်လုံးချောချည်း မရှိဘဲ ချို့ယွင်းချက်၊ ဆိုးကွက်လေးတွေ ရှိတတ်ကြတဲ့ သဘောမျိုး ကို ပြောချင်တာပါ။

Anti-Hero ဆိုတဲ့ ဝေါဟာရ ကို သတိထားမိလိုက်တာက Deadpool ရုပ်ရှင်ကား နဲ့ပါ။ ကိုယ်တွေက အဲ့လိုမျိုး အခွက် မပြောင်နိုင်ပေမယ့် Deadpool ကို ကြိုက်ပါတယ်။



