Anti Self-Medication

Can you treat yourself better than your doctor?
သင့် ဆရာဝန် ထက် သင် က ကိုယ့်ဘာသာကိုယ် ပိုကုသနိုင်သလား ???
Self-medication can put your life in danger.
Always consume medicines only after consulting your doctor.

ကိုယ့်သဘောနဲ့ ကိုယ် ဆေးသောက်သုံးခြင်း သည် သင့် အသက် အတွက် အန္တရာယ် ရှိနိုင်ပါသည်။
သင့် ဆရာဝန် နဲ့ ဆွေးနွေးတိုင်ပင်ပြီးမှသာ ဆေး ကို သောက်သုံးပါ။

ဆေးကဒ် ထဲက ဆေးတောင့် နေရာမှာ ကျည်ဆံတွေ နဲ့ ဒီဇိုင်းလုပ်ပြီး ပညာပေးသွားတယ်။

ကိုယ့်သဘောနဲ့ကိုယ် ဆေးသောက်သုံးနေခြင်း က အန္တရာယ်များပါတယ်။

ArrrLuu

နိုင်ငံခြား မှာက OTC (Over the Counter) Drugs ပဲ ဆေးဆိုင်တွေမှာ အလွယ်တကူ ဝယ်လို့ ရတယ်။

တန်ဆေးလွန်ဘေး လို ဆေးမျိုး Prescription Drugs တွေကတော့ ဆရာဝန် ထောက်ခံချက်ပါမှပဲ ဆေးရုံ ဆေးခန်းတွေမှာသာ ဝယ်လို့ ရတယ်။

မြန်မာနိုင်ငံမှာတော့ ဆေးတွေကို အဲ့လို မထိန်းချုပ်နိုင်သေးတော့ လွယ်လွယ်ကူကူ ဝယ်လို့ ရတယ်။ အပြောနဲ့  ကိုယ့်ဘာသာကိုယ် သောက်ကြတယ်။ မြန်မာဆေး အင်္ဂလိပ်ဆေး အကုန်စမ်းတယ်။

ဆေးရုံ ကို သွားရင်လည်း ရောဂါ အခြေအနေ တော်တော် ဆိုးမှ သွားကြတယ်။

ခေတ်အရ မြန်မာနိုင်ငံ မှာ ဆရာဝန်တိုင်းလည်း ပုံပြီး ယုံလို့ မရပါ။

ပညာတော်၍ စေတနာကောင်းသော ဆရာဝန် တစ်ယောက်တော့ မိသားစု ဆရာဝန် အဖြစ် အနည်းဆုံး ရှိထားဖို့ လိုသည်။

Advertising Agency: R&P Advertising and media Communication, New Mumbai, India
Creative Directors: Abhay Patkar
Art Director: Abhay Patkar
Copywriter: Nitin Rajapurkar
Additional credits: Sanjay kelaskar

အိန္ဒိယ မွန်ဘိုင်း က ဆေးရုံ၊ ဆေးခန်း ရဲ့ ကျန်းမာရေးအသိပေးကြော်ငြာလေးပါ။

Ads of the World – Anti Self-Medication