Trailer
ATLAS
ATLAS ဇာတ်ကား နာမည် ကတော့ Jennifer Lopez ဇာတ်ကောင် နာမည် ဖြစ်တဲ့ Atlas Shepherd ဖြစ်ပြီး Sci-Fi ရုပ်ရှင် အမျိုးအစား။ Artificial Intelligence (AI) ရဲ့ ကြောက်သင့်တဲ့ဘက်ခြမ်း ကို ပြသွားပြီး ခြိမ်းခြောက်လာတဲ့ Terrorism အကြမ်းဖက် ရန်သူ Harlan ကို ချေမှုန်းဖို့ ကို ဇာတ်လမ်းတည် ရိုက်ကူးထားတာပါ။
ရန်သူ AI စက်ရုပ် နဲ့က သူမ အမေ တီထွင်ထားတာ ဖြစ်ပြီး နောက်ပိုင်းမှာတော့ AI စက်ရုပ် ကို ထိန်းချုပ် မရနိုင် ဖြစ်သွားပါတယ်။ သူမ အမေ သေဆုံး သွားတဲ့အပြင် AI စက်ရုပ်တွေ နဲ့ လူသားတွေ နဲ့ စစ်ပွဲတွေ ဆင်နွှဲကြပြီး AI အရေးနိမ့်လာတဲ့ အခြေအနေမျိုးမှာ Harlan ဟာ အာကာသထဲ ထွက်ပြေးသွားတာ ဖြစ်ပါတယ်။
၂၇ နှစ် အကြာ ဇာတ်ဝင်ခန်း မှာတော့ သူမ အလုပ် က Analyst သုံးသပ်သူ အဖြစ် တာဝန် ထမ်းဆောင် နေပါတယ်။ ဖမ်းမိတဲ့ AI စက်ရုပ် ကို စစ်မေးပြီး ရန်ကုန် AI ခေါင်းဆောင် ရှိတဲ့ ဂြိုလ် ကို ဖော်ထုတ်ပါတယ်။ စစ်ဆင်ရေး သွားဖို့ ရာမှာ … လိုက်ပါခွင့်တောင်းပြီး ပါဝင်ခွင့် ရသွားပါတယ်။ AI Robot စက်ရုပ်တွေနဲ့ ဆက်သွယ်တဲ့ Neural Link တပ်ဆင်ထားတာက AI တွေကို လူတွေက ပိုမို ထိန်းချုပ်နိုင်တယ် ဆိုပေမယ့် Atlas ကတော့ အယုံအကြည် မရှိပါဘူး။
AI စက်ရုပ် Smith ဆိုသူက အသက်ရှင်သန် လွတ်မြောက်ဖို့ အတွက် Probability ဖြစ်နိုင်ခြေ နည်းပေမယ့် ဖြစ်နိုင်တဲ့ နည်းလမ်း တခု ပဲ ရှိပါတယ် ဆိုတဲ့ စကား က အသက်ပါ။ ဆိုလိုတာက Neural Link ကို တပ်ပြီး နှစ်ယောက်သား Sync အပြန်အလှန် ချိတ်ဆက်ဖို့ပါ။ အယုံအကြည် မရှိတဲ့ Atlas ဟာ Voice Command နှုတ်မိန့် နဲ့ပဲ ဆက်သွယ် အမိန့်ပေး ခိုင်းစေပါတယ်။ ဒါပေမယ့်လည်း နောက်ဆုံးမှာတော့ အခြေအနေ က တပ်ဆင်ဖို့ ပဲ ရှိလာတဲ့ အခါမှာတော့ သူမ အတိတ်ပုံရိပ်တွေ မတူးဆွဖို့ ကတိတောင်းပြီး Neural Link နဲ့ ချိတ်ဆက်လာပါတယ်။ 100% Sync မဖြစ်လည်း အလုပ်တော့ ဖြစ်နေပါသေးတယ်။ Sync လုပ်ပြီး SH!T ဆိုပြီး ဆဲလိုက်လို့ … ငါ ဦးနှောက်နဲ့ ချိတ်ဆက်ပြီး တတ်လာတာ ဆဲတာပဲ ရှိတာလား ဆိုပြီးရိသဲ့သဲ့ ပြန်ပြောပါတယ်။
သူမ အဖမ်းခံလိုက်ရချိန်မှာ Harlan နဲ့တွေ့ပြီး စကားပြောလိုက်တော့မှ သိလိုက်ရတာက Trap ထောင်ချောက် လုပ်တတ်တယ်။ သတိထားဖို့ အကြိမ်ကြိမ် ပြောနေ သတိပေးနေ ပေမယ့် သူမ ကိုယ်တိုင် … စစ်မေးတဲ့ AI စက်ရုပ် ကနေ တည်နေရာ တမင်သပ်သပ် ပေးပြီး သူတို့ ဂြိုလ်ဆီ လာဖို့ ထောင်ချောက်ဆင်ထားတာပါ။
Neural Link တပ်ပြီး Smith ကို ခေါ်တာ မတုံ့ပြန်လို့ … အားပါပါ နဲ့ ဆဲခေါ်လိုက်ပါမှ … ဆဲစရာ မလိုပါဘူး ဆိုပြီး ပြန်ပြောရပါတယ်။ 100% Sync က နောက်ဆုံး ရွေးချယ်မှု ဖြစ်လာတဲ့ အခါမှာတော့ Smith နဲ့ တသားထဲ ဖြစ်လာပါတော့တယ်။
Chess စစ်တုရင် ထိုးတဲ့ အခန်းတွေလည်း ထည့် ရိုက်ကူးထားပြီး နောက်တကွက် ဘာလာမလဲ ကိုယ်တွေက ဘယ်အကွက် ရွေ့မလဲ စတဲ့ အပြိုင်အဆိုင် ဖြစ်တဲ့ အတွေးအခေါ် နဲ့ တိုက်ခိုက်တဲ့ အက်ရှင်ဇာတ်ကွက်တွေ ကြောင့် ကြည့်သင့်တဲ့ ဇာတ်ကား ပါ။
AI ရဲ့ ကောင်းခြင်း ဆိုးခြင်း ဘက် ၂ ဘက် ကို မြင်အောင် ပြသွားပါတယ်။ လူတွေမှာလည်း ကောင်းတဲ့လူ နဲ့ မကောင်းတဲ့လူ ဆိုပြီးလည်း ရှိပါတယ်။ ကောင်းခြင်း ဆိုးခြင်း ဆိုတဲ့ ဆန့်ကျင်ဘက် ကတော့ ဒွန်တွဲနေတာပါပဲ။ ဝါးလုံး နဲ့တော့ မရမ်းနဲ့ ပေါ့လေ။