Evian
Evian အမှတ်တံဆိပ် က ပြင်သစ် ALPS တောင်တန်း သဘာဝစမ်းရေ က ထုတ်ပိုးထားတဲ့ ရေသန့် အမှတ်တံဆိပ် ဖြစ်ပါတယ်။
“Live Young” & “Drink True”
၂မျိုးစလုံး သုံးတယ်။
Baby & Me
Live Young ဆိုတဲ့ Slogan နဲ့ အတူ Evian က ကလေး Baby တွေနဲ့ပဲ ကြော်ငြာတွေ ထွက်လာလေ့ ရှိတယ်။ ရှေ့ ကြော်ငြာ ကမ်းပိန်း Baby Inside & Roller Babies ၂ခု စလုံး က အောင်မြင်ထားတယ်။
Ini Kamoze – Here Comes The Hotstepper ရဲ့ တေးသီချင်း နဲ့ အတူ မှန်ထဲက ကိုယ့်ပုံစံ ကလေး နဲ့ ယှဉ်ကနေတာက ချစ်ဖို့ ကောင်းပါတယ်။ ဒီကြော်ငြာလည်း တော်တော်လေး ပေါက် ပါတယ်။
ပေါက် တဲ့ နောက်မှာလည်း Baby & Me App ထွက်လာပြီး ရိုက်ထားတဲ့ ကိုယ့်ပုံ ကို ကလေးရုပ် ပြောင်းပေးတဲ့ ကမ်းပိန်းလည်း ထပ် ပေါက် ခဲ့ပါတယ်။
European Water
ဥရောပနိုင်ငံ မှာ ရေသန့်ပုလင်းတွေက Carbonated ကာဗွန်ဂတ်စ် ထည့်ထားတဲ့ ရေတွေပါ။ ဘုံဘိုင်ရေ က သဘာဝရေ သဘာဝအရသာပဲ။ သောက်လို့ ရတယ်။ အရှေ့တောင်အာရှနိုင်ငံ တော်တော်များများ ဘုံဘိုင်ရေ က သောက်လို့ရအောင် မလုပ်ထားတာမို့ လေဆိပ်တွေမှာ ဆိုရင် “Not for Drink” “သောက်သုံးရန် မဟုတ်” ရေးထားတာ တွေ့ရမှာပါ။
သူတို့ဆီမှာ ဘီယာ က ရေသန့်ပုလင်း သို့မဟုတ် ရေသန့်ဘူး တွေ ထက် ဈေးပိုသက်သာသလို ဥရောပသားတွေကလည်း ဘီယာ ပိုကြိုက် ပိုသောက်ကြပါတယ်။
Evian ကတော့ သဘာဝစမ်းရေ ဖြစ်တဲ့အတွက် ကာဗွန်ဂတ် မပါဘဲ သဘာဝ အရသာ ဖြစ်နေမှာပါ။ ဥရောပ ရောက်လို့ … ဘုံဘိုင်ရေ အလကား သောက်ရမှာ မသောက်ရဲရင်တော့ Evian ဝယ်သောက်ကြပေါ့ …
Evian အရသာ သိချင်ရင် City Mart မှာ ရောင်းပါတယ်။ သိပ်ထူးလိမ့်မယ် လို့တော့ မထင်ဘူး။ သိချင်ရင် တခါလောက် ဈေးကြီးပေး ဝယ်သောက်ကြည့်ကြပေါ့ …