
ငှက်ပျောသီး ဘယ်အချိန် စားရမှာလဲ ???
ပုံပါအတိုင်း ၅မျိုး ခွဲလို့ ရပါမယ်။
Underripe မမှည့်သေး
အစာအိမ်အူ အတွက် ကောင်းတဲ့ Prebiotics ခန္ဓာကိုယ်အတွက် အထောက်အကူပြုတဲ့ (ကောင်းကျိုးပေးတဲ့) ဘက်တီးရီးယားတွေ များပြီးတော့ FODMAP Friendly အစာအိမ်အူ ရောဂါသမားတွေ စားလို့ ရတဲ့ အစားအသောက်မျိုး ဖြစ်ပါတယ်။
Barely Ripe မမှည့်သေး/မှည့်ခါနီး
Fiber အမျှင်ဓာတ်များ။ သကြားအချိုဓာတ် နည်း။ အမျှင်ဓာတ် များတာက ဝမ်းမချုပ်စေဘဲ အစာအိမ်အူ အတွက် ကောင်းပါတယ်။
Ripe မှည့်ပြီ
မှည့်သွားရင်တော့ Antioxidants ဓာတ်တိုးဆန့်ကျင်ပစ္စည်း ပမာဏ အများအပြား ရှိပြီး အမျှင်ဓာတ် အသင့်အတင့် ရှိပါတယ်။ ဓာတ်တိုးဆန့်ကျင့်ပစ္စည်း က နှလုံးရောဂါ၊ ဆီးချိုရောဂါ၊ ကင်ဆာ ဖြစ်ပွားမှု ကနေ ကာကွယ်ရာမှာ အရေးပါတဲ့ ဓာတ်တွေ ဖြစ်ပါတယ်။ ဥပမာ။ ။ Vitamin C, E ဗီတာမင်တွေ
Very Ripe မှည့်တာကြာပြီ
မှည့်တာကြာတာနဲ့ အမျှ Antioxidants ဖြစ်တဲ့ Vitamin ဗီတာမင်တွေ၊ Mineral သတ္ထုဓာတ်တွေ နည်းလာပါလိမ့်မယ်။
Overripe အမှည့်လွန်
အမှည့်လွန်တာနဲ့ ပျော့ပြဲလာပါတယ်။ အမျှင်ဓာတ် နည်းလာပြီး သကြားအချိုဓာတ် များနေပါလိမ့်မယ်။

Facts
၁။ ငှက်ပျောသီးမှာ ပိုတက်စီယမ် Potassium (K) ဓာတ် ပါဝင်ပါတယ်။ သွေးဖောက်စစ်လို့ အဲ့ဓာတ် များနေပါက ရှောင်ရန် လိုအပ်ပါတယ်။ အရမ်း နည်းနေပါက ဆေးသွင်းရပြီး အရမ်း မနည်းပါက ငှက်ပျောသီး စားဖို့ ညွှန်ကြားပါလိမ့်မယ်။
၂။ ငှက်ပျောသီး က အသီး Fruit အမျိုးအစား မှာ မပါဝင်ဘဲ Berry ဘယ်ရီ အမျိုးအစား ထဲကပါ။
၃။ ငှက်ပျောသီး က ဓာတ်ရောင်ခြည် Radioactive ထုတ်လွှတ်ပါတယ်။ သူ့မှာ ပါဝင်တဲ့ Potassium-40 isotope ကြောင့်ပါ။ ဒါပေမယ့် ပြဿနာ ရှိအောင် ပမာဏ မများပါဘူး။ တနေ့ ကို ငှက်ပျောသီး ၇၀၀ နေ့တိုင်း နှစ် ၈၀ ကြာအောင် စားမှ ဒုက္ခပေးနိုင်တဲ့ ပမာဏ ရောက်မှာပါ။