သွေးအုပ်စု

၂ မိနစ် လျှင် တစ်ယောက်နှုန်း ဖြင့် အသက်ကယ်ဖို့ သွေး လိုအပ်နေပါသည်။

သွေးအုပ်စု

သွေးအုပ်စု အမျိုးမျိုး ရှိကြပါတယ်။ လူ နဲ့ လူဝံ တွေက သွေးအမျိုးအစား တူပါတယ်။ အသုံး အများဆုံး သွေးအုပ်စု (၂) ခု ရှိပြီး တွဲပြောလေ့ ရှိပါတယ်။

  1. ABO သွေးအုပ်စု: AB, A, B, O
  2. Rhesus (Rh) သွေးအုပ်စု: +, –

သွေးအမျိုးအစား

သွေးအုပ်စု (၂) စု ကို အခြေခံပြီး လူ သွေးအမျိုးအစား (၈) မျိုး ဖြစ်သွား။

AB+A+B+O+
AB-A-B-O-

ABO

ABO ကို မိဘ ဆီက တခုစီ အမွေ ရတယ်။ ABO ထဲမှာ AB က လက်ဝါးကြီး Dominant မျိုး နှင့် O ကတော့ အနှိမ်ခံ Recessive မျိုး။ သွေးမှာ အဖေ ဘက် လိုက်တယ်လို့ အမေ ဘက် လိုက်တယ် လို့ မရှိပါဘူး။ လက်ဝါးကြီး နဲ့ အနှိမ်ခံ ပဲ ရှိပါတယ်။

ParentAnother
Parent
SumABO Group
AAAAA
ABABAB
AOAOA
BBBBB
BOBOB
OOOOO

ပြောချင်တာက AA ရော AO ရော က A သွေး ပါပဲ။ ဓာတ်ခွဲ စမ်းသပ်တာက A အထိပဲ ရပါမယ်။ AA လား AO လား မသိနိုင်ပါ။ တခါတလေ မိဘ သွေး ကလေး သွေးအမျိုးအစား တွက်ချက်ရင်းနဲ့ ပြောနိုင်တာမျိုးပါ။

ဥပမာ ကို ကျနော့် မိသားစု နဲ့ ပေးပါမယ်။ ကျနော့် အဖေ က B သွေး၊ အမေ ကတော့ A သွေး … ကျနော် က B သွေး … အဖေ ဆီက B ရပြီး အမေ ဆီက O ရတာ သေချာသွားပြီ။ အဖေ က BB လား BO လား တော့ သေချာ မပြောနိုင်သေးဘူး။ ဒါပေမယ့် သေချာ ပြောနိုင်တာက အမေ က AO နဲ့ ကျနော် က BO ဆိုတာပဲ။

ကျနော့် ညီ မွေးတော့ ကျနော့်ညီ သွေးက A … ဒါဆို အမေ ဆီက A ရပြီး အဖေ ဆီက O ရမှကို ဖြစ်မယ် … ဒါဆိုရင် အဖေ က BO , ကျနော့် ညီ က AO.

ဒီမှာ ကျနော် ထပ်ဖြည့်ပြောချင်တာက

အဖေ အမေ A & B မှာ AO & BO သာ ဖြစ်ခဲ့ရင် AB, A, B, O ဖြစ်နိုင်တယ် ဆိုတာပဲ။

Rhesus (Rh)

မျောက်သွေး လို့လည်း ခေါ်ကြတယ်။ သွေးသွင်း/လှူ မှာ အသက် အန္တရာယ် ရှိတော့ အရေးပါ အရေးကြီး လို့ ထည့်သွင်း စစ်ဆေးရတာ။

Rh-null / Rh (-)ve လူဦးရေ ရဲ့ 10% လောက်ပဲ ရှိအောင် ရှားပါးတော့ Golden Blood ရွှေသွေး လို့လည်း ခေါ်ကြပါတယ်။ လူ အများစု ကတော့ D antigen ရှိတဲ့ Rh (+)ve တွေပါ။

Blood Donor Compatibility

သွင်းမယ့်သွေး ထဲမှာ Antibodies ရှိတာ မရှိတာ အရေးမကြီး။ သွေးလက်ခံသူ ခန္ဓာကိုယ် ထဲက Antibodies တွေက သွင်းလိုက်တဲ့ Antigens တွေ နဲ့ပေါင်းပြီး Acute Haemolytic Transfusion Reaction (AHTR) သွေးသွင်းရာမှ ဖြစ်ပေါ်လာသော သွေးနီဥ ပျက်စီးခြင်း ဖြစ်ပေါ်နိုင်လို့ ပါပဲ။ သွေးဆုံးရှုံးလို့ သွေးသွင်းပါမှ အသုံးမဝင်ဖြစ်တဲ့အပြင် ဝေဒနာပါ ထပ်ခံစားနေရသလို ဖြစ်နေသည့်သဘော။

ဖြစ်နိုင်တာ သိတော့ သင့်လျော်ကိုက်ညီတဲ့ သွေးအမျိုးအစားလိုက် သွင်းတော့ လူအများကြီး အသက် ကို အန္တရာယ်လျော ့ချနိုင်သွားတာပေါ့။ ဒါပေမယ့်လည်း အဲ့လို AHTR တွေက တစ်ချို့ လူတွေ မှာ ABO သွေးအုပ်စု အရ ပြဿ      နာ မရှိပေမယ့် ဖြစ်ဖြစ်နေတော့ ဘာကြောင့်လည်း ဆိုတာ မေးခွန်းထုတ်လာရ။

နောက်ပိုင်းတွင် Rhesus factor (D antigen) ကြောင့် ဆိုတာ ရှာတွေ့လာ။ လူတော်တော်များများ က Rh +ve ပါ။ အနည်းစု က Rh -ve ပါ။ Rh +ve သူက ABO ကိုက်ရင် Rh +ve or -ve သွင်းသွင်း ရပေမယ့် Rh -ve သမား ကတော့ ABO ကိုက်ရမယ့် အပြင် Rh -ve သွေး လည်း ဖြစ်မှ သွင်းလို့ ရမှာ ဖြစ်ပါတယ်။ O- သမား သွေးလိုရင်တော့ သွေးရအောင် မနည်း ရှာရမှာပါ။ ရွေးချယ်စရာ က O- တစ်ခုပဲ ရှိတော့ အရှားဆုံး သွေးအုပ်စု အမျိုးအစား လို့ ဆိုလိုက်ချင်ပါတယ်။

Blood Group Lab Test

Fun Fact

Jehovah’s Witnesses ဘာသာရေး အသင်းဝင်များ သည် သွေး အသွင်းမခံပေ။ သွေး သွင်း အသက်ရှင်မယ့် အစား အသေ သာ ခံမယ့် လူတွေ။ ဒါကြောင့် အခြား အလားတူ အရည် အမျိုးအစား သွင်း၍ ကုသရသည်။


လူတယောက်တည်း မှာ သွေးအမျိုးအစား (၂) မျိုး ကလည်း ရှိနိုင်ပါသေးတယ်။ အမြွှာ ရှိတာတို့၊ ရိုးတွင်းချဉ်ဆီ သွင်းဖူးတာတို့ ကြောင့်လည်း ဖြစ်နိုင်ပါတယ်။


အရေးပေါ် အခြေအနေ ဆို အုန်းရည် (Coconut fluid) ကို အလားတူ သုံးနိုင်ပါသတဲ့။