Blue Ocean Strategy by W. Chan Kim & Renée Mauborgne
- Red Ocean vs Blue Ocean Strategy
- Value Innovation
- Strategy Canvas
- Buyer Utility Map
- Three Tiers of Noncustomers
- Six Paths Framework
- Four Actions Framework
- ERRC Grid
- Pioneer Migrator Settler Map
- Price Corridor of the Mass
- Sequence of Creating a Blue Ocean
- Five Steps to a Blue Ocean Shift
- Three Components of Blue Ocean Shift
- Three Components of Humanness
- Four Hurdles to Strategy Execution
- Fair Process
- Tipping Point Leadership
- Blue Ocean Vs Conventional Leadership
- Leadership Canvas
- Blue Ocean Leadership Grid
- Four-Step Blue Ocean Leadership Process
- Cost of Disengaged Employees
Blue Ocean Strategy
Blue Ocean Strategy အပြာရောင် သမုဒ္ဒရာ မဟာဗျူဟာ အတွေးအခေါ် Concept ကို W. Chan Kim နှင့် Renée Mauborgne တို့က မိတ်ဆက်ပေးခဲ့ပါတယ်။
ပြိုင်ဆိုင်မှု ပြင်းထန်တဲ့ ဈေးကွက် Competitive Market မှာ သူ့ထက်ငါ အသာစီးရဖို့ ချကြ သတ်ကြ ရတဲ့ အခြေအနေ ဟာ Red Ocean အနီရောင် သမုဒ္ဒရာ မှာ အသက်ရှင်ရပ်တည်ဖို့ အတွက် ငါးမန်တွေ သတ်ဖြတ်ကြလို့ ဖြစ်နေတဲ့ သွေးသံတရဲရဲ အခြေအနေ အတိုင်းပါပဲ။
ဈေးကွက်အသစ်ရှာ Find New Market သို့မဟုတ် မဖော်ထုတ်ရသေးတဲ့ ဈေးကွက် Unexplored Market ကတော့ Blue Ocean အပြာရောင် သမုဒ္ဒရာ မှာ သက်တောင့်သက်သာ အပန်းဖြေပြီး ဇိမ်ခံ အနားယူတဲ့ အခြေအနေ မျိုးပါ။
ပြိုင်ဆိုင်မှု ပြင်းထန်တဲ့ ဈေးကွက် မှာ ဈေးချရောင်း၊ လက်ဆောင်ပေး၊ အလကားဝန်ဆောင်မှုပေး စတာတွေက အကျိုးအမြတ် နည်းပါတယ်။ ဈေးကွက် မှာ ကိုယ့်နေရာ မပျောက်သွားရအောင် လုပ်နေရတာတွေက ဖိအားတွေ ရှိနေပါတယ်။ ကိုယ် မသတ်ရင် သူ ငါ့ကိုသတ်မှာပဲ ဆိုတဲ့ ဈေးကွက်မှာက ခြေလှမ်း မမှားအောင် လုပ်နေရတာမျိုးတွေ ရှိပါတယ်။
ဈေးကွက် အသစ် မှာ အတွေ့အကြုံအသစ်၊ ခံစားမှုအသစ်တွေ ဖန်တီးပေးနိုင်အောင် လုပ်နေရ ဖန်တီးနေရတာက ဖောက်သည်အတွက် တန်ဖိုး တခု ပေးနိုင်လိုက်တဲ့အတွက် လည်း ဝင်ငွေ / အမြတ် လည်း ပို ရရှိနေမှာ ဖြစ်ပါတယ်။ ဒါမျိုး အခြေအနေ က လူတိုင်း ကြိုက်ကြပါတယ်။
ဈေးကွက်အသစ် ဖော်ဆောင်ဖို့ ကလည်း လွယ်ကူတဲ့ ကိစ္စတော့ မဟုတ်ပါဘူး။ ဒါပေမယ့်လည်း အခြေအနေကောင်းရင် အမြတ် နဲ့ ရင်းနှီးငွေ ပါ မြန်မြန် ပြန်ရနိုင်တဲ့ အလုပ်မျိုးပါ။
ပြိုင်ဘက်တွေ အလွယ်တကူ ဝင်မလာနိုင်ရင်တော့ အကောင်းဆုံးပါ။ Newcomer Advantage ကို ကောင်းကောင်း လုပ်ထားပြီး Late Comer တွေ မလာနိုင်အောင် လုပ်ထားရမှာပါ။ မလာနိုင်အောင် မလုပ်နိုင်ရင်လည်း မလာခင် ဈေးကွက် ကို စိုးမိုးထားနိုင်အောင် လုပ်ရမှာပါ။