
Facebook Page : Smart is the New Sexy
အပေါ် ၊ အောက် ၊ ဘယ် ၊ ညာ ဆိုပြီး ခွဲလိုက်တော့ အပိုင်း (၄) ပိုင်း ရလာတယ်။
အပိုင်း တစ်ခုချင်းစီ ကို ဗီဒီယို မှာ ပြထားတဲ့ အတိုင်း တိုက်သွားမယ်။
သတိထားရမှာက အရင်သွားတိုက်ပုံ က ဘယ်ညာဘေးတိုက် ရေပြင်ညီ (Horizontal) ပုံစံ တိုက်တတ်တာပဲ။
အခု အကြံပေးတဲ့ ပုံစံ က သွားဖုံး မှ ဖိတိုက်တဲ့ ဒေါင်လိုက် (Vertical) ပုံစံပါ။
အပေါ်သွား အတွက် သွားဖုံး မှ စတင်ကာ အပေါ် မှ အောက် သို့ တိုက်ရပါမယ်။
အောက်သွား အတွက်လည်း သွားဖုံး မှ စတင်ကာ အောက် မှ အပေါ် သို့ တိုက်ရပါမယ်။
အကြံပြု ချင်တာက သွားတိုက်ရင် အနည်းဆုံး ၂ မိနစ် ထက် ပိုကြာသင့်ပါတယ်။
သွားတိုက်တံ ကို ၂ လ ၃ လ ပြည့်တိုင်း အသစ် တစ်ချောင်း လဲသင့်ပါတယ်။
မနက်အိပ်ရာထချိန် နှင့် ညအိပ်ရာဝင်ချိန် ၊ တစ်နေ့ ၂ ခါ တိုက်သင့်ပါတယ်။
ညအိပ်ရာဝင်ချိန် သွားတိုက်ဖို့ က ပိုအရေးကြီးပါတယ်။
သွားတိုက်ရင်း လျှာ ကိုလည်း လျှာပွတ်တံ/သွားတိုက်တံ ဖြင့် တိုက်ပေးပါ။
အစား စားပြီးတိုင်း ပလုတ်ကျင်းပေးပါ။