Calculator တွက်စက် မှာ (၂) မျိုး ရှိတယ်။
(၁) Desktop Calculator
(၂) Scientific Calculator
Desktop Calculator အကြောင်း ပဲ ဒီမှာ ဆက်ပြောမယ်။
CASIO, CITIZEN တို့က နာမည်ကြီး တံဆိပ်တွေ ဖြစ်သလို အတုလည်း ရှိတယ်။
Rounding – F CUT UP 5/4
Round / Rounding လုပ်တယ် ဆိုတာ စားမပြတ်တဲ့ ကိန်းဂဏန်းတွေကို ဘယ်လောက် ဂဏန်းပဲ ကြည့်မယ် ဆိုတာကို Decimal ဘက်ခြမ်းမှာ ရွေးရပါမယ်။ Round ဘက်ခြမ်းမှာတော့ ဖြတ်ချ၊ ပိုယူ၊ ပုံမှန် လုပ်လို့ ရပါတယ်။
Round | မြန်မာ | Eg. 100/6 with 2 Digits | Remarks |
---|---|---|---|
F | ဆံ့သလောက်ပြ | 16.666666666666 | Floating: Round Off, Decimal Off |
CUT | ဖြတ်ချ | 16.66 | |
UP | ပိုယူ | 16.67 | |
5/4 | ပုံမှန် တွက်နည်း | 16.67 | ၅နှင့် အထက် ပိုယူ၊ ၄ အောက် ဖြတ်ချ။ |
GT
GT = Grand Total အချုပ်ပေါင်း ဆိုတဲ့အတိုင်းပဲ အရောင်းဘောင်ချာမှာ တခုဈေး x အရေအတွက် လိုမျိုး တွက်ရာမှာ အဓိက အသုံးပြုကြပါတယ်။ M+ ချည်းပဲ သုံးတဲ့ ပုံစံမျိုး ဖြစ်နေပါတယ်။
M+ M- & MRC / MR MC
M+ = Memory Plus
M- = Memory Minus
MRC = Memory Recall & Clear
MR = Memory Recall
MC = Memory Clear
တချို့ ဂဏန်းတွက်စက် မှာ MRC ပဲ ရှိပြီး တချို့မှာတော့ MR & MC ၂ခု ပါပါတယ်။ M+ & M- ကတော့ ၂မျိုးစလုံးမှာ ပါပါတယ်။ စ မတွက်ခင်မှာ Memory Clear လုပ်သင့်ပါတယ်။
Constant Calculation
Constant ကိန်းသေ တခု နဲ့ တွက်ရာမှာ မြန်မြန်ဆန်ဆန် တွက်နိုင်ပါတယ်။ ဘောပင် ၁ချောင်း ကို ၃၁၅ ကျပ် ကျတယ် ဆိုပါစို့။ ၄၅ ခု ဆို ဘယ်လောက်လဲ၊ ၇၈ ခု ဆိုရင်ကော၊ ၁၂၆ ခု ဆိုရင်ကော။ အထက်ပါ ကိန်းဂဏန်းတွေကို ဘောပင် ၁ချောင်း တန်ဖိုး ၃၁၅ ကျပ် နဲ့ မြှောက်ရောင်းရမှာပါ။ အဲ့လိုမျိုး အခြေအနေမျိုးမှာ 315 x x နှိပ်ပါ။ ပုံမှန် x တခါ အစား ၂ခါ နှိပ်ပါ။ ပြီးမှ အရေအတွက် နှိပ်ပြီး = နှိပ်ပါ။
Delete Keys – AC C ►
AC က Memory ထဲက လွဲလို့ အကုန်ဖျက်။ (Memory ဖျက်ချင်ရင် MC/MRC နှိပ်ဖျက်)
A က လက်ရှိပေါ်နေတာကို ဖျက်ပြီး အစကနေ ပြန်ရိုက်နိုင်။
► က လက်ရှိပေါ်နေတာကို နောက်ကနေ ၁လုံးချင်း ဖျက်။
MU
MU = Markup အမြတ်တင် ရာခိုင်နှုန်း။
ဒါကြောင့်မို့လို့ M+ M- MRC MR MC တို့နဲ့ မဆိုင်ဘူး။ Markup အကြောင်း သိဖို့ကတော့ အောက်ကလင့် သွားဖတ်ပါ။
Purchase Price ဝယ်ရင်းဈေး = $120
Profit Rate or Markup အမြတ်တင် ရာခိုင်နှုန်း = 25% (၁၀၀ တန် ပစ္စည်း ကို ၂၅ ကျပ် အမြတ်တင်ရောင်းမယ်)
Selling Price ရောင်းဈေး ?
Profit အမြတ် ?
120 [MU] 25 [%] (result 160)
[=] (result 40)
ရောင်းဈေး $160 သတ်မှတ်ရမှာ ဖြစ်ပြီး အမြတ် ကတော့ $40 ပါ။
Currency Exchange Rate
Stay Tuned … Coming Later
Tax Rate
Stay Tuned … Coming Later
More Fun / Tips & Tricks
WikiHow – How to Have Fun on a Calculator