Chinese တရုတ်စာ
တရုတ်စာ တရုတ်စကား ကို ကမ္ဘာပေါ်မှာ လူ အများဆုံး သုံးတဲ့ ဘာသာစကား ပါ။ Listening အကြား နှင့် Speaking အပြော က Writing အရေး နှင့် Reading အဖတ် ထက် ပိုလွယ်ပါတယ်။ ဒါပေ့မယ်လည်း တရုတ်ဘာသာစကား ကို စတင်လေ့လာသူအဖို့ အတွက်ကတော့ တရုတ်မဟာတံတိုင်းကြီး Great Wall လိုပါပဲ။
တရုတ်စကား ပြောဆိုရာ မှာ တရုတ်လူမျိုး အနွယ်ခွဲတွေ အလိုက် အပြောအဆို မတူညီကြပါဘူး။ အရေးအသား ကတော့ တူပါတယ်။ အခုနောက်ပိုင်းတော့ Mandarin မန်ဒရင်း ကိုပဲ အဓိကထား ပြောဆိုလာကြပါတယ်။ အသံထွက်အတွက် Pinyin ကို အပြင်သူတွေ လေ့လာရ အဆင်ပြေအောင် အင်္ဂလိပ်အက္ခရာတွေနဲ့ Pinyin အသံထွက် ရေးတဲ့စနစ်တွေ သုံးကြပါတယ်။
- Simplified Chinese – တရုတ်ပြည်မကြီး Mainland China
- Traditional Chinese – ထိုင်ဝမ် Taiwan နှင့် ဟောင်ကောင် Hong Kong
Chineasy
ShaoLan Hsueh သည် Chineasy တည်ထောင်သူ။ သူ့ အမေ က ထိုင်ဝမ် Calligrapher တရုတ်အက္ခရာ အလှရေးသမား ဆိုတော့ တရုတ်အက္ခရာ၊ ပုံစံ နှင့် အဓိပ္ပါယ် ဆက်စပ်မှု ရှိတာလေးတွေ ကို ငယ်ငယ်ကတည်းက သင်ပေးတော့ ရင်းနှီးမှု ရှိတယ်။
https://www.chineasy.com/
https://www.youtube.com/@ChineasybyShaoLan
How We & You Learn
တရုတ်ဘာသာစကား နဲ့ အင်္ဂလိပ်ဘာသာစကား ၂ခု စတင်လေ့လာရတဲ့ ပုံစံ (၂) ခု ကို ယှဉ်ပြထားတာပါ။ တရုတ်ဘာသာစကား မှာတော့ အက္ခရာအရေးအသား အခေါ်အဝေါ်တွေ စသင်ပြီး ရေးချက်မှန်အောင် အရင်သင်ရပါတယ်။ အနောက်ဘာသာစကားမှာတော့ ပုံလေး နဲ့ စကားလုံး ကို အသံထွက်တွေ အရင်သင်ပါတယ်။
20,000 >> 1,000 >> 200 >> 8
တရုတ်ဘာသာ စာလုံးပေါင်း ၂သောင်းကျော်လောက် သိကြပါတယ်။ အခြေခံ စာပေ သိဖို့ကတော့ စာလုံးပေါင်း ၁ထောင် ပဲ လိုအပ်ပါတယ်။ အသုံးအများဆုံး စာလုံး ၂ရာ ရရင်တော့ ပြောဆိုဆက်သွယ်လို့ ရပါပြီ။ အဲ့ စာလုံး ၂ရာ ကို စာလုံး ၈လုံး ကနေ ပွါးအောင်လုပ်ပြီး သင်ပေးသွားပါမယ်။
Person လူ
လူ နောက်မှာ လူ ကပ်ပြီး လူ၂ယောက် ဖြစ်သွားရင် နောက်လိုက်တာ။
လူ ၃ယောက် ဆို လူအုပ် အဓိပ္ပါယ် ရတယ်။
လူ တယောက် လက်ဖြန့်နေပြီး ဒီလောက် ကြီးတယ် ဟန်လုပ်နေသလို။
လူ တယောက် ပါးစပ်/စတုရန်း အခန်း ထဲမှာဆိုရင်တော့ အချုပ်သား။
Tree သစ်ပင်
သစ်ပင် ၂ခု ဆိုရင် သစ်သား။
သစ်ပင် အောက်မှာ အပြားပါရင် အခြေခံအုတ်မြစ်။
သစ်ပင် အပေါ်မှာ ပါးစပ်ရောက်နေရင် ငတုံး၊ ငအ။
သစ်ပင် ၃ခု ဆိုရင်တော့ သစ်တော ဖြစ်သွားပြီ။
Fire မီး
မီး ၂ခု ဆို ပူတယ်။
မီး ၃ခု ဆို မီးတောက်။
သစ်ပင် အောက်မှာ မီး ရှိနေရင် မီးလောင်နေတယ်။
Sun နေ
အလင်းရောင် ပေးတဲ့ နေ လည်း ဟုတ်တယ်။ နေ့ လည်း ဟုတ်တယ်။
နေ ၂ ခု ဆိုရင် ချမ်းသာကြွယ်ဝ ဆိုတဲ့ အဓိပ္ပါယ် ရတယ်။
နေ ၃ ခု ဆိုရင် အရောင်တလက်လက် လင်းလက်တောက်ပတယ်။
နေ နဲ့ လ တွဲရင် အလင်းရောင် ဒါမှမဟုတ် မနက်ဖြန် ဆိုတဲ့ အဓိပ္ပါယ် ရတယ်။
နေ အောက်ပါ မျဉ်းကြောင်း က မိုးကုပ်စက်ဝိုင်း ပေါ်မှာ နေဝန်းကြီး ပေါ်ထွက်လာသလို ဖြစ်နေတော့ Sunrise နေထွက်တယ်လို့ အဓိပ္ပါယ် ရပါတယ်။
Door တံခါး
တံခါး က ကောင်းဘွိုင်တွေ ဘားထဲဝင်တဲ့ တံခါး ပုံစံပဲ။
တံခါး မှာ မျဉ်းကြောင်း က တံခါးမင်းတုံး။
တံခါး မှာ ပါးစပ် ပါရင် Knock Knock ခေါက်ပြီး မေးခွန်းမေးတာ။
တံခါး မှာ လူ ပါရင် ထွက်ပြေးတာ။
Woman မိန်းမ
女 Nǚ နွီ ဆိုတာ တရုတ်လို Female အမ။ အမ ၁ခုတည်းဆို မိန်းမ။ အမ ၂ခုပေါင်းမိပြီဆို Argument ငြင်းခုန်ပြီ။ အမ ၃ခုပေါင်းမိပြီဆို Adultery လူကြီး 18+ ကိစ္စ
စာလုံးစု
စာလုံး (၈) ခု ကနေ စာလုံးစု အဓိပ္ပါယ်
မီး Fire + တောင် Mountain = မီးတောင် Fire Mountain/Volcano
ဂျပန် Japan + လူ Person = ဂျပန်သား/သူ Japanese
တောင်၂တောင် ဆိုတာ အရင်ဘုရင်ခေတ်မှာ နယ်နှင်ဒဏ် ပေးသလိုပဲ။ ဘယ်ကို သွားလဲ ကို ပါးစပ် ဖြင့်ပြ။
TED Talk | ShaoLan Hsueh – Learn to read Chinese … with ease!