Dodie Smith ရဲ့ 1956 ဝတ္ထု ဖြစ်တဲ့ The Hundred & One Dalmatians က Cruella De Vil လူဆိုးမကြီး ဇာတ်ရုပ် ကို အခြေတည်ထားတဲ့ ဇာတ်ကား ဖြစ်ပါတယ်။ ခွေး ၁၀၁ ကောင် ဇာတ်ကား က Villain လူဆိုးမကြီး ရဲ့ ငယ်ဘဝ အကြောင်း ကို သရုပ်ဖော် ရိုက်ကူးထားတာပါ။ ဘာလို့ ဒီလို စရိုက် ဒီလို ပုံစံ ဖြစ်သွားတာလည်း ဆိုတာ တွေ့မြင်ရမှာပါ။
Fashion Designer ဇာတ်ရုပ် ဖြစ်ပြီး Fashion အသားပေး ဇာတ်ကား ဆိုတော့ ဖက်ရှင် ကြိုက်တဲ့သူတွေ ကြည့်သင့်တဲ့ ကားပါ။ အဝတ်အစားဖက်ရှင် Costume Design ဆုတွေတောင် ဒီဇာတ်ကား နဲ့ ရခဲ့ပါတယ်။
ကိုဗစ်၁၉ နဲ့ တွေ့သွားတော့ ဇာတ်ကားက ကောင်းပေမယ့်လည်း အရင်းတောင် ပြန်မရှာလိုက်နိုင်ပါဘူး။
Cruella in 15mins by Recappian Myanmar 2.0
ဇာတ်ကား မကြည့်ဖြစ်ရင်တော့ အောက်ကလို အနှစ်ချုပ် ဇာတ်လမ်း ပြောပေးတာမျိုးတွေ နားထောင်ရတာလည်း မဆိုးဘူး။ စကားပြော ကောင်းတဲ့လူ ပြောရင် ဇာတ်ရည် လည်တယ်။ Recappian Myanmar 2.0 က ပြောသွားတာလေး က အနေတော်ပဲ။ တချို့ ကျတော့ ၅မိနစ်စာလောက်ပဲ ပြောတော့ ဇာတ်ရည် မလည်ဘူး။
Cruella De Vil
Stages of Grief | 5+1
Cruella 🖤☠️🤍: They say there are five stages of Grief.
Denial, Anger, Bargaining, Depression, & Acceptance.
Well, I’d like to add one more. Revenge.
သူတို့ ပြောကြတာကတော့ Grief ဝမ်းနည်းပူဆွေးခြင်း မှာ အဆင့် ၅ ခု ရှိတယ်တဲ့။
Denial လက်မခံ/ငြင်းဆို တဲ့ အဆင့်
Anger စိတ်တို/ဒေါသထွက် တဲ့ အဆင့်
Bargaining အလျှော့အတင်း/ဈေးဆစ် တဲ့ အဆင့်
Depression စိတ်ဓာတ်ကျ တဲ့ အဆင့်
Acceptance အခြေအနေကို လက်ခံသွား တဲ့ အဆင့်
ငါကတော့ နောက်တခု ထပ်ထည့်ချင်တယ်။
Revenge ကလဲ့စားချေ တဲ့ အဆင့်။
Cruella’s Monologue
Cruella 🖤☠️🤍 တယောက် Regent’s Park Fountain သူမ ဘော်ဒါ ၂ယောက် နဲ့ စဆုံခဲ့တဲ့ ပန်းခြံ ကို ပေါက်ချလာပြီး တယောက်တည်း စကားခြွေပါတော့တယ်။
So, this is a confusing day.
ဒီနေ့ ကတော့ စိတ်ရှုပ်ထွေးသွားစေတဲ့ နေ့ပဲ။
My nemesis is my real mother, and she killed my other mother.
ငါရဲ့ ကမ္ဘာ့ရန်ဘက် က ငါ့ အမေ အရင်း ဖြစ်နေပြီး သူ က ငါ့ အခြား အမေ ကို သတ်ခဲ့တယ်။
I guess you were always scared, weren’t you, that I’d be a psycho like my real mum? Hmm?
ငါ့ အမေ အရင်း လို စိတ္တဇကောင် ဖြစ်သွားမှာကို နင်တို့ ကြောက်နေကြတာ မလား ? ဟင် ?
That explains all the “tone it down, try and fit in” stuff.
“အစွန်းမရောက်စေနဲ့၊ စိတ်လျော့ … သဟဇာတ ဖြစ်အောင် ကြိုးစားကြည့်” လို့ ပြောနေတာတွေက အဖြေ ပဲ။
Love me into shape, I suppose, was the plan. And I tried. I really, I tried because I loved you.
ငါထင်တဲ့ နင်တို့ ဖြစ်စေချင်တဲ့ ပုံစံ အတိုင်း ဖြစ်ဖို့ ကို ငါ ကြိုးစားခဲ့ပါတယ်။ တကယ်ပါ။ ငါ နင်တို့ကို ချစ်လို့ ကြိုးစားကြည့်ခဲ့တာပါ။
But the thing is, I’m not sweet Estella, try as I might. I never was.
ဒါပေမယ့် ကိစ္စ/ပြဿနာ က “ငါ ကြိုးစားပေမယ့်လည်း ငါက နှစ်လိုဖွယ်/ချစ်စရာကောင်းတဲ့ Estella မဟုတ်ဘူး။ ငါ ဘယ်တုန်းကမှ မဟုတ်ခဲ့ဘူး။
I’m Cruella, born brilliant, born bad, and a little bit mad.
ငါ က Cruella ခရူအယ်လာ … တော်တယ်၊ ဆိုးတယ်၊ အနည်းငယ် စိတ်ရှုးထတယ် …
I am not like her. I’m better.
ငါ က ငါ့အမေ နဲ့ မတူဘူး … ငါ က ပို သာ တယ် …
Anyway, must dash. Much to avenge, revenge, and destroy.
ဘာပဲဖြစ်ဖြစ် … တုန့်ဆိုင်းမနေဘဲ အမြန် လုပ် …
လက်တုံ့ပြန်ဖို့၊ ကလဲ့စားချေဖို့၊ နဲ့ ဖျက်ဆီးပစ်ဖို့ ဆို ပိုတောင် အမြန် လုပ် …
But I do love you. Always.
ဒါပေမယ့် ငါ နင်တို့ကို တကယ် ချစ်ပါတယ်။ အမြဲတမ်း …