CSR

Corporate Social Responsibility (CSR)

လုပ်ငန်းရှင် တော်တော်များများ က နောက်ဆုံးမျဉ်း Bottom Line အောက် က Profit အသားတင်အမြတ် တခုတည်း ကိုပဲ ကြည့်ကြတယ်။ ကော်ပိုရိတ် Corporation တွေမှာတော့ Triple Bottom Line ဖြစ်တဲ့ 3P – Profit အသားတင်အမြတ်၊ People လူ၊ Planet ကမ္ဘာမြေကြီး အတွက်တွေပါ ထည့်သွင်းလာ ကြည့်လာကြပြီ။

3P – Profit, People, Planet အတွက် အများကြီး တိုးတက် ကောင်းမွန်အောင် လုပ်နိုင်တယ် ဆိုရင် လုပ်ငန်း အောင်မြင်တယ် ဆိုရမှာပါ။

Brand – ကိုယ့် အမှတ်တံဆိပ် ကို အရင် စဉ်းစားမိခြင်း၊ ညွှန်းပေးခြင်း၊ အားပေးခြင်း၊ ဝယ်ယူခြင်း၊ အကောင်းလက္ခဏာ တုံ့ပြန်မှုများခြင်း။

နိုင်ငံတကာ မှာက အမြတ် တခုတည်း ကြည့်ပြီး Planet ကို မကြည့်ဘဲ ပတ်ဝန်းကျင် ထိခိုက်စေတဲ့ အရာတွေ လုပ်မိတယ် ဆိုရင် … နောက်ပိုင်းမှာ တရားစွဲဆိုမှုတွေနဲ့ ကြုံတွေ့ရနိုင်လို့ လျှော်ကြေးပေး၊ အမှတ်တံဆိပ် နာမည် ဂုဏ်သိက္ခာ ကျဆင်းမှုတွေနဲ့ ကြုံတွေ့နိုင်ပါတယ်။ People လူ ကိုလည်း မကြည့်ပါက လူတိုင်းကြိုက်တဲ့ အားပေးတဲ့ အမှတ်တံဆိပ် ဖြစ်ဖို့ မျှော်လင့်ချက် မရှိပါဘူး။ ဒါတွေ အားလုံးကလည်း နောက်ဆုံး အမြတ်နဲ့ သက်ဆိုင်လာတဲ့ အတွက် Triple Bottom Line – Profit, People, Planet ၃ခုစလုံး ကြည့်ရမယ့် အတွေးအခေါ် ပေါ်ထွန်းလာတာ ဖြစ်ပါတယ်။

Tech ကုမ္ပဏီကြီးတွေရဲ့ ပရဟိတ