Denial [2016]

Image Source: Bleecker Street

Deborah E. Lipstadt ၏ ကိုယ်တိုင်ရေး အဖြစ်အပျက် စာအုပ် ဖြစ်သည့် “History on Trial: My Day in Court with a Holocaust Denier” အပေါ် အခြေခံ ရိုက်ထားသည့် ဖြစ်ရပ်မှန် ဇာတ်ကားကောင်း တစ်ကား ဖြစ်သည်။

The whole world knows the Holocaust happened.
Now she needs to prove it.

တကမ္ဘာလုံး က Holocaust ဖြစ်ခဲ့တာ သိကြပေမယ့်လည်း အခုတော့ သူမ တစ်ယောက် ဖြစ်ခဲ့ကြောင်း သက်သေပြနိုင်ဖို့ လိုအပ်နေပြီ။

Tagline က ဇာတ်ကား တစ်ခုလုံး ကို ခြုံ အောင် ရေးသွားသည်။

The Holocaust ဆိုတာ ဂရိ ဘာသာစကား Whole Burnt အားလုံး မီးလောင်ကွ ျမ်းခြင်း အမည်တွင်တဲ့ ဒုတိယ ကမ္ဘာစစ် ၁၉၄၁ – ၁၉၄၅ လောက်က Adolf Hitler ဖက်စစ်နာဇီ တို့  ဂ ျူးလူမျိုး တို့ အပေါ် လူမျိုးတုန်း သတ်ဖြတ်မှု  အဖြစ်အပျက် ကို ခေါ်ခြင်း ဖြစ်သည်။ ထိုဖြစ်ရပ် ကို အစ္စရေး ဘာသာစကား Hebrew လိုတော့ Shoah (ကပ်ဘေး) လို့လည်း ခေါ်ကြသည်။ ဂ ျူးလူမျိုး ၆ သန်းနီးပါး အဆိုပါ ဖြစ်ရပ် အတွင်း သေဆုံးခဲ့ကြသည်။ အချို့ ကလည်း ဂ ျူးလူမျိုး မဟုတ်သည့် လူလည်း ၅ သန်း သေဆုံးသဖြင့် စုစုပေါင်း ၁၁ သန်း သေဆုံးခဲ့ကြသည်။

Deborah E. Lipstadt’s (Academy Award winner – Rachel Weisz) အမေရိကန်နိုင်ငံသား ၊ ဂျူ းလူမျိုး ၊ သမိုင်းပညာရှင် တစ်ယောက် Holocaust အကြောင်း စာအုပ်ထုတ်ပြီး သတင်းစာ ရှင်းလင်းပွဲ မှာ David Irving (Cannes Award winner – Timothy Spall) UK နိုင်ငံသား ၊ ဂျာမန်လူမျိုး က Holocaust တကယ် မရှိခဲ့ပါဘူး ဟု အတင်း ငြင်းသဖြင့် ပွဲပ ျက်ပါတော့သည်။

Deborah တစ်ယောက် ကလည်း သူနဲ့  သဘောထား မတူကြောင်း ငြင်းချင်တဲ့သူတွေ လက်ခံတွေ့ ဆုံခြင်း မရှိပါဘူး။

# Tips #
ဖင်ပိတ်ငြင်းတတ်တဲ့သူ နဲ့ ငြင်းဖို့ မပြောနဲ့ ။
တွေ့ ဆုံ စကားတောင် မပြောလေနဲ့ ။

ArrrLuu
Image Source: IMDB

နောက်တော့Deborah တစ်ယောက် David Irving ၏ တရားစွဲဆိုခြင်း ခံရလေသည်။ Holocaust Denier ဟု သူ့ အား ပြောသည့်အတွက် သမိုင်းပညာရှင် အဖြစ် သူ့ ဂုဏ်သတင်း မှေးမှိန်စေသည့် အတွက် ဖြစ်သည်။

အဲ့မှာ ဇာတ်လမ်း က စတာ။ ဂုဏ်သတင်း ဖျက်မှု  အတွက် အင်္ဂလိပ် ရဲ့ ဥပဒေစနစ် က တရားစွဲဆိုခံရသူ က သက်သေပြဖို့  တာဝန်ဝတ္တရား ရှိတာပါပဲ။ ဒါကြောင့်မို့ လို့  Deborah နဲ့  သူမ အဖွဲ့  တို့ က Holocaust တကယ် ဖြစ်ပျက်ကြောင်း သက်သေပြရန် ရှိဖို့ ပဲ ဖြစ်တယ်။

Source: IMDB | Denial (2016) , Wikipedia | The Holocaust