ငါး ဘယ်လို ချက်တာလဲ ?

အမေ က ငါး ကို ခေါင်း နဲ့ အမြီး ဖြတ်ပြီး ၃ ပိုင်း လှီး ချက်တော့ သမီး က မေး … ဘာလို့ ခေါင်း နဲ့ အမြီး ဖြတ်တာလဲ မေးတော့ … သူမ အမေ ပြောတာက အမေ (ကလေး အဘွား) အဲ့အတိုင်း လုပ်လို့ … အဘွား ကလည်း သူ့အမေ (ကလေး အဘေး) အဲ့အတိုင်း လုပ်လို့ ပဲ … အဘေး မေးမှ သူတို့ ခေတ်တုန်းက ငါးချက်တဲ့ အိုး က သေးလို့ … ၃ပိုင်း လှီးမှ မထည့်ရင် မဆံ့လို့ … အဲ့ဒါကြောင့် မို့လို့ ငါး လှီးဖြတ်ရတာ …
ဘာလို့လဲ ဘာကြောင့်လဲ မမေးမိ မတွေးမိ … သင်ပေးတဲ့ အတိုင်း လိုက်လုပ်နေတာ ကြီး က မိသားစု ထဲမှာ သာမက ယဉ်ကျေးမှု၊ ဘာသာရေး၊ အစိုးရ တွေမှာလည်း တွေ့ရတတ်တယ်။ လမ်းဟောင်း ကို လိုက်ပြီး ဘာကြောင့် မှန်း မသိတော့ …
WHY ဘာလို့ လဲ ၊ ဘာကြောင့် လဲ ဆိုတာ ကို
အရင်ကထက် ပိုမေးကြပါ။
Nail Cutting
လက်/ခြေသည်း ညှပ်
ကိုယ်တွေ ငယ်ငယ် က လူကြီးတွေ က ညနေဘက် ခြေသည်း လက်သည်း မညှပ်ကောင်းဘူး ပြောတော့ ဘာလို့ လဲ လို့ ပြန်မေးတာ … သူတို့လည်း ကိုယ်တွေ လက်ခံနိုင်အောင် အကြောင်းပြချက် ရေရေရာရာ မပြောနိုင်ကြ …
ကိုယ် ကတော့ ထင်တာ ပြန်ပြော … အရင် ညနေဘက်တွေ က မီး မရှိလို့ မတော်လို့ အသားထိမိမှာ ဆိုးလို့ … အခု က လျှပ်စစ်မီး ရှိနေပြီ လို့ ပြန်ပြောတာ …