
DIRECTION
.\rrr\uu
is more important than
SPEED
ဦးတည်ချက် က အမြန်နှုန်း ထက် ပို အရေးကြီးတယ်
Business Management စီးပွားရေး စီမံခန့်ခွဲမှု သို့မဟုတ် လုပ်ငန်း မှာလည်း Strategic Management မဟာဗျူဟာ စီမံခန့်ခွဲမှု က Direction ဦးတည်ချက် အတိုင်းပဲ။ ဘယ်နေရာ သွားသင့်သလဲ … သွားရမလဲ … ဒါ အရေးကြီးဆုံးပဲ။ ပြီးတော့မှ ဖြည်းဖြည်းသွားလည်း ရတယ်။ ဦးတည်ချက် မှန်ရင်တော့ တစ်နေ့ ပန်းတိုင် ရောက်မှာပါ။ အဲ့မှာ Speed က လုပ်ငန်း ၏ လုပ်ဆောင်ချက် Operation နှင့် မာကတ်တင်း ဈေးကွက်ဖော်ဆောင်နိုင်စွမ်း Marketing တို့ အပိုင်း ဖြစ်သွားပြီ။ မဝင်သင့်တဲ့ လုပ်ငန်း / နယ်ပယ် ထဲ ရောက်ပါက ကိုယ် အားထုတ်သလောက် ခံစားခွင့် ရလဒ် အကျိုးအမြတ် မခံစားရတာမျိုး ဖြစ်နိုင်ပါတယ်။ ဒါကြောင့် လုပ်ငန်း တစ်ခု စတင်မယ် ဆိုရင် လုပ်ငန်း နယ်ပယ် ရွေးတာဖို့ ကို Strategic Management အောက်မှာ ပါတဲ့ Framework နဲ့ စဉ်းစား တွေးခေါ် ဆင်ခြင်ကြည့် ကြပါလို့ တိုက်တွန်းချင်ပါတယ်။
- SWOT Analysis
- Porter’s 5 Forces
- BCG Matrix (Growth-Share Matrix)
နောက်တခု ကျနော် အမြဲ မှာတတ်တဲ့ စကား ကတော့
မှန် အောင် အရင် လုပ်
.\rrr\uu
နောက်ပိုင်း လုပ်ရင်းနဲ့ မြန် လာလိမ့်မယ်
မှန် တာ က မြန် တာ ထက် ပို အရေးကြီးတယ်
