Divisibility စားလို့ ပြတ်လား ဆိုတာ အမြန် တွက်ချက်လို့ ရတဲ့နည်း
Divisibility by 2
နောက်ဆုံး ခု ဂဏန်း က 0, 2, 4, 6, 8 ဖြစ်တဲ့ စုံ ဂဏန်း နဲ့ ဆုံးရင် 2 နဲ့ စား ပြတ်ပါတယ်။
Divisibility by 3
ဂဏန်း အားလုံးပေါင်း ရလဒ် ကို 3 နဲ့ စားလို့ ပြတ်ရင် 3 နဲ့ စားလို့ ပြတ်ပါတယ်။
E.g. 32427
3+2+4+2+7 = 18
ပေါင်းခြင်းရလဒ် 18 ကို 3 နဲ့ စားပြတ်တော့ 32427 ကို 3 နဲ့ စားရင် အကြွင်းမရှိ စားလို့ ပြတ်ပါတယ်။
Divisibility by 4
နောက်ဆုံး ဂဏန်း ၂ လုံး ဖြစ်တဲ့ ဆယ်ဂဏန်း နဲ့ ခုဂဏန်း ကို 4 နဲ့ စားလို့ ပြတ်ရင် ပြတ်ပါတယ်။
E.g. 43567864
နောက်ဆုံး ဂဏန်း ၂ လုံး 64 သည် 4 နဲ့ စားပြတ်လို့ 43567864 ကို 4 နဲ့ စားပြတ်ပါတယ်။
Divisibility by 5
နောက်ဆုံး ခု ဂဏန်း က 0, 5 နဲ့ ဆုံးရင် 5 နဲ့ စားပြတ်ပါတယ်။
Divisibility by 6
6 ဆိုတာ 2 x 3 ဖြစ်တဲ့အတွက် 2 နှင့် 3 ၂ခုစလုံးနဲ့ စားပြတ်ရင် 6 နဲ့ စားပြတ်ပါတယ်။
Divisibility by 8
နောက်ဆုံး ဂဏန်း ၃လုံး ဖြစ်တဲ့ ရာ၊ ဆယ်၊ ခု ကို 8 နဲ့ စားပြတ်ရင် ပြတ်ပါတယ်။
E.g. 234224
နောက်ဆုံး ဂဏန်း ၃လုံး 224 သည် 8 နဲ့ စားပြတ်လို့ 234224 ကို 8 နဲ့ စားလို့ ပြတ်ပါတယ်။
Divisibility by 11
မ ဂဏန်း ပေါင်းခြင်း နှင့် စုံ ဂဏန်း ပေါင်းခြင်း ၂ခု ရဲ့ ခြားနားချက် က သုည 0 သို့မဟုတ် 11 နဲ့ စားပြတ်ရင် ပြတ်ပါတယ်။
E.g. 4832718
(8+7+3+4) – (1+2+8) =11
4832718 ကို 11 နဲ့ စားပြတ်ပါတယ်။
Divisibility by 12
12 ဆိုတာ 3 x 4 ဖြစ်တဲ့အတွက် 3 နှင့် 4 ၂ခုစလုံးနဲ့ စားပြတ်ရင် 12 နဲ့ စားပြတ်ပါတယ်။