‌လောကဓံတရား ၈ ပါး

‌လောကဓံတရား ၈ ပါး
  1. လာဘ – လာဘ် ပေါများ၍ တက်ကြွတုန်လှုပ်ခြင်း။
  2. အလာဘ – လာဘ်နည်း၍ ညှိုးငယ်တုန်လှုပ်ခြင်း။
  3. ယသ – အခြံအရံများ၍ တက်ကြွတုန်လှုပ်ခြင်း။
  4. အယသ – အခြံအရံနည်း၍ ညှိုးငယ် တုန်လှုပ်ခြင်း။
  5. ပသံသာ – ချီးမွမ်းခံရ၍ ဝမ်းမြောက်တုန်လှုပ်ခြင်း။
  6. နိန္ဒ – အကဲ့ရဲ့ခံရ၍ ဝမ်းနည်း တုန်လှုပ်ခြင်း။
  7. သုခ – ချမ်းသာကိုစွဲ၍ ဝမ်းသာတုန်လှုပ်ခြင်း။
  8. ဒုက္ခ – ဆင်းရဲကိုစွဲ၍ ညှိုးငယ်ပူပြင်း စိုးရိမ်တုန်လှုပ်ခြင်း။

‌ဘယ် အရာ မှ မမြဲဘူး …
This too will pass …

လောက မှာ ကောင်းတာတွေလည်း ကြုံမှာပဲ … ဆိုးတာတွေလည်း ကြုံတွေ့ရမှာပဲ … ဒါက မမြဲတဲ့ လောက တရား ပဲ။ ကောင်းတာ ကြုံကြုံ၊ ဆိုးတာ ကြုံကြုံ … တည်ငြိမ်ရင့်ကျက်စွာ နေနိုင်တဲ့သူ က လောကဓံ ခံနိုင်ရည် ရှိတဲ့သူ ပဲ။ မမြဲဘူး ဆိုတဲ့ အသိ ကို အာရုံသွင်းထားရင် ကောင်းကောင်း ဆိုးဆိုး သိပ်မခံစားရတော့ဘူး။