
Dwight D. Eisenhower
Dwight D. Eisenhower က အမေရိကန် စစ်ဦးစီးအရာရှိ ကနေ အမေရိကန် သမ္မတ ဖြစ်ခဲ့ဖူးတဲ့ သူ တယောက်။
Time Matrix
Eisenhower Matrix, Time Box, Time Management Matrix စသဖြင့် အမျိုးမျိုး ခေါ်ကြတယ်။
Eisenhower’s Time Matrix သည် လုပ်စရာ အလုပ် Tasks တွေကို အရေးကြီးခြင်း Important နှင့် အလျင်လိုခြင်း Urgent ဝင်ရိုး ၂ခုပေါ်တွင် တည်ပြီး ခွဲခြားထားခြင်း ဖြစ်သည်။
What is important is seldom urgent and
what is urgent is seldom important.
အရေးကြီးသည့် အရာများသည် အလျင်လိုခဲလှပြီး
အလျင်လိုသည့် အရာများသည်လည်း အရေးကြီးခဲလှပါသည်။
ဘဝ တိုးတက် အောင်မြင်ဖို့ က အရေးကြီးသည့် အလုပ် များများ လုပ်မိနေပြီး ရလဒ် ပြနိုင်ဖို့ ပိုလိုအပ်သည်။ အရေး မကြီးသည့် အရာများတွင် အချိန်တွေ၊ အားအင်တွေ ကုန်မနေဖို့ က အရေးကြီးသည်။ အချိန် Time နှင့် အားအင် Energy တွေသည့် အကန့်အသတ် Limited ဖြစ်သည်။
Quadrant I – Important & Urgent – Do
Do it now ဆိုသည့်အတိုင်း အရေးလည်းကြီး အလျင်လည်းလိုပါက လုပ်နေလက်စကို ထားပြီး ဒီကိစ္စကို ချက်ချင်း ဖြေရှင်းပါ။ လုပ်ဆောင်ပါ။ ချက်ချင်း ဆောင်ရွက်သည့်ကိစ္စတွေဖို့ အိမ်စာလုပ်ဖို့ အချိန်မရှိ။ အမှားများနိုင်သည်။ အတွေ့အကြုံ Experience များများ ရှိလေလေ၊ ကြိုတင်ပြင် Prepare ထားလေလေ အမှား ပိုနည်းလေလေပါပဲ။ အလျင်လိုတဲ့ ကိစ္စတွေ ဆိုရင် အတွေ့အကြုံ ရှိပါက သို့ ကြိုတင်ပြင်ဆင်ထားပါက ဖိအား မများတော့သလို အမှားလည်း မများတော့ပေ။
Quadrant 2: Not Urgent Yet Important – Decide
Schedule a time to do it.
ဒီ အကွက် ထဲက အလုပ်တွေ များများ လုပ်နိုင်တာ ပိုကောင်းပါတယ်။ အရေးကြီးတဲ့အလုပ်လည်း ဖြစ်၊ အလျင်လည်း မလိုတော့ ဖိအားကင်းကင်း အာရုံစိုက် အလုပ်လုပ်နိုင်တာပေါ့။ ဒါပေမယ့် လုပ်ဖြစ်အောင် Schedule ဘယ်နေ့ လုပ်မယ် ဘယ်အချိန် လုပ်မယ် ဆိုတာ သတ်မှတ်ထားရပါတယ်။ ဘယ်နေ့ လောက် သိတယ် ဆိုရင်တော့ Reminder သတိပေး သို့မဟုတ် Deadline နောက်ဆုံးပြီးရမယ့်ရက် သတ်မှတ်လို့ ရပါတယ်။ ဘယ်နေ့ ဘယ်အချိန် ပါ အတိအကျ Time Boxing သတ်မှတ်နိုင်ရင်တော့ အကောင်းဆုံး ပါ။
Quadrant 3: Urgent but not Important – Delegate
Who can do it for you?
Delegation တာဝန်ခွဲဝေပေးခြင်း ကလည်း အလုပ်ဖြစ်ဖို့ ရဲ့ အရေးကြီးတဲ့ ကဏ္ဍ ပါ။ အလုပ်တွေကို ကိုယ်တယောက်တည်း သိမ်းကျုံးလုပ်နေလို့ မဖြစ်ပါဘူး။ အငယ်တွေကို လုပ်နိုင်အောင် သင်၊ တာဝန်တွေ လွှဲပေး။ ကိုယ်က ဒီ့ထက် ခက်ခဲ အရေးကြီး အရေးပါတဲ့ အရာတွေ စိတ်ဖြောင့်ဖြောင့် လုပ်နိုင်အောင် လုပ်။
အရေးကြီး/မကြီး … လုပ်နိုင်တဲ့သူ ရှိရင် တာဝန်ခွဲဝေ လုပ်ကိုင်ခိုင်းပါ … Supervise ကြီးကြပ်တဲ့သူ တယောက်တော့ ရှိပလေ့စေ …
Quadrant 4: Not Urgent & Not Important – Delete
Delete/Eliminate it
အရေး လည်း မကြီး … အလျင် လည်း မလို တဲ့ ကိစ္စမျိုးတွေ ဆို ဖျက်ပစ်/ရှင်းပစ် ပါ။ ဖေ့ဘုတ်ပွတ်၊ တစ်တော့ပွတ် နေတာက ဦးတည်ရာမယ့် အချိန် ဖြန်းနေ သလိုပါပဲ။ Social Media ကလည်း အကြိုက်ကို မှတ်ပြီး ပြပေးတဲ့ Algorithm တွေနဲ့ ထွက်မသွားအောင် ဆွဲဆောင်တယ်။ လုံးဝ မသုံးနဲ့ လည်း မဟုတ်ပါဘူး … သတင်းအချက်အလက် နဲ့ ဆက်သွယ်ဖို့ အတွက်လည်း သုံးရအုံးမှာ ဆိုတော့ … အချိန် အတိုင်းအတာ တခု သတ်မှတ်ပြီးသာ သုံးပါ … တတ်နိုင်သလောက် လျော့သုံးပါ …