Exponent ထပ်ညွှန်းကိန်း

Exponent ထပ်ညွှန်းကိန်း ဆိုတာ Base အခြေကိန်းဂဏန်းတွေ Exponent ထပ်ညွှန်းကိန်း အကြိမ် အရေအတွက် မြှောက်ထားတာ ဖြစ်ပါတယ်။
ဥပမာ ။ ။ 52 (အပေါ်ပုံ) မှာဆိုရင် Exponent 2 ဖြစ်တဲ့အတွက် 5 ၂ခါ မြှောက်ရမှာပါ။ 5×5=25
Exponent Rules/Laws

23 x 22 = (2x2x2) x (2×2) = 25 = 23+2
23 / 22 = (2x2x2) / (2×2) = 2 = 23-2
(23)2 = (23) x (23) = (2x2x2) x (2x2x2) = 26 = 23×2
20 = 23-3 = (2x2x2) / (2x2x2) = 1
Exponential Growth ဆပွား

ပုံထဲကအရ ရောဂါရှိတဲ့လူ ၁ယောက် ဟာ တနေ့ ကို လူ ၃ယောက် ကူးနိုင်တယ် ဆိုရင် ရက်ကြာလာတာနဲ့ အမျှ ဆပွားလိုက်တာ လူ ထောင်ချီ သိန်းချီတောင် ကူးစက်နိုင်ပါတယ်။ ဘာလို့လဲ ဆိုတော့ ဒုတိယရက်မှာ အကူးခံထားရတဲ့ လူ ၃ယောက် က လည်း အဲ့နှုန်းထားအတိုင်း ဆက်ဖြန့်နေလို့ ဖြစ်ပါတယ်။
Day 1 = 1 = 20
Day 2 = 1 + (1×3) = 4 = 22
Day 3 = 4 + (4×3) = 16 = 24
Day 4 = 16 + (16×3) = 64 = 26
Day 5 = 64 + (64×3) = 256 = 28
Day 6 = 256 + (256×3) = 1024 = 210
Day 7 = 1024 + (1024×3) = 4096 = 212
Exponent ထပ်ညွှန်းကိန်း / ဆပွားတွေဟာ အစောပိုင်းတွေမှာ Linear အဖြောင့်အတိုင်း ပုံသေတိုးတက်တာတွေ နဲ့ ယှဉ်ရင် အစောပိုင်း မှာ အတူတူ ဒါမှမဟုတ် နည်းနေနိုင်ပေမယ့် နောက်ပိုင်းကျရင် ဒုံးပျံလို ထောင်တက်သွားသဖြင့် ကြာလာတာနဲ့ ပိုကွာခြားလေ ဖြစ်နေမှာပါ။

အဲ့လိုမျိုး ဆပွါးနိုင်တဲ့ ရောဂါလိုမျိုး အခြေအနေမျိုးမှာ မပွါးနိုင်အောင် ရောဂါ ရှိတဲ့လူကို အစောပိုင်းကတည်းက ကြိုတင်ရှာဖွေပြီး Isolation သီးသီးသန့်သန့် ထားရမှာ ဖြစ်ပါတယ်။ လူတွေကြားမှာတော့ ကူးစက်မှု မလွယ်ကူနေအောင် အကာအကွယ်ပစ္စည်း Personal Protective Equipments (PPE) တွေ ဖြစ်တဲ့ Mask နှာခေါင်းစည်း၊ Goggle မျက်လုံးကာ၊ Gown တခါသုံးအဝတ်တို့ကို တတ်နိုင်သလောက် သုံးဖို့ သင့်သလို Social Distancing လူတယောက် နဲ့ တယောက်ကြား ဖြစ်နိုင်ရင် ၃ပေလောက် ခြားထားသင့်ပါတယ်။