သူ့အမှား နှင့် ကိုယ့်အလွန်

သူ့ အမှား ကြောင့် ကိုယ့်အလွန် ဖြစ်သောအခါ သူ့ အမှား မှာ မသိသာ၊ ကိုယ့်အလွန်မှာ ပေါ်လွန် ထင်ရှား ဖြစ်နေသည်။

စတင် မှားသည်မှာ သူ ဖြစ်သည်။ ပထမ အပြစ် ရှိသူမှာ သူ ဖြစ်သည်။ သို့သော် သူ့ အမှား၊ သူ့ အပြစ် ကို အကြောင်းပြုပြီး ကိုယ်က ဒေါသတကြီး တုံ့ပြန်သောအခါ လွန်သွားတတ်သည်။ ထိုအခါ သူ ဆိုးသည်က မသိသာ။ ကိုယ် က အဆိုး ဖြစ်သွားသည်။ သူ့ အပြစ် က ပျောက်သွားသည်။ ကိုယ် က အပြစ် ရှိသူ ဖြစ်သွားသည်။

လောက တွင် ဤ အဖြစ်မျိုး များစွာ ကြုံကြရ၏။