SONY A9 III – The World’s First Full-Frame Mirrorless Camera with Global Shutter Image Sensor
ပွဲထွက်လာမှု နှင့်အတူ Global Shutter က နိုင်ငံတကာ ဓာတ်ပုံဆရာတွေ အကြား ရေပန်းစား လာခဲ့တဲ့ စာလုံး ဖြစ်လာခဲ့ပါတယ်။
အရင် သုံးနေတာက Rolling Shutter အမျိုးအစား ပါ။
24 MegaPixels (MP) ဓာတ်ပုံ ကွာလတီကောင်းကောင်း ကိုတောင် 120 Frames per Second (fps) ဖြင့် ရိုက်ကူးနိုင်ပါတယ်။ 120 fps ဆိုတာ တစက္ကန့်လေး မှာကို ပုံပေါင်း ၁၂၀ ပုံ ရိုက်ပေးနိုင်တာပါ။ ဒါကြောင့်မို့လို့ အရမ်း မြန်တဲ့ အခြေအနေမျိုးမှာ ပုံကောင်းကောင်း ဖမ်းယူနိုင်ဖို့ လိုအပ်တဲ့ နေရာတွေ ဖြစ်တဲ့ အောက်ဖော်ပြပါနေရာတွေမှာ အသုံးပြုလာပါတယ်။
၁။ အားကစား Sports Photography
၂။ လှုပ်ရှားမှု Action Photography
၃။ ငှက် Bird Photography
ရောင်းဈေး ဒေါ်လာ 6,000 ဈေး ဖွင့်ထားပြီး … အဓိက က အိုလံပစ်ပွဲ အမှီ ပွဲထုတ်ထားတာပါ …
Rolling Shutter vs Global Shutter
Rolling Shutter က ၁လိုင်းချင်းစီ အလင်းဝင် ပုံရိပ်ဖမ်းတာ ဖြစ်တဲ့အတွက် ကြောင့်
ကင်မရာရိုက်သူ လှုပ်သည် ဖြစ်စေ၊
ရိုက်ကူးသည့်အရာ က လှုပ်ရှားတာ မြန်ဆန်လွန်းသည် ဖြစ်စေ၊
ဝါးသွား … တွန့်သွား … Focus မပြတ်တော့ မကြည် စသဖြင့် ဖြစ်စေနိုင်ပါတယ်။
အပေါ်က ပြဿနာ မဖြစ်အောင် Shutter Speed ကို မြန်အောင် ချိန်ထားရင်တော့ အလင်း ဝင်တာ နည်းသွားပြီး ပုံကွာလတီ မှာ ထိပါလိမ့်မယ်။
နှစ်ခုစလုံး ကောင်းကောင်း ဖြစ်အောင် ဖြေရှင်းနိုင်မယ့် အဖြေ က Global Shutter နည်းပညာ ပဲ ဖြစ်ပါတယ်။
Previous Global Shutter Cameras
Digital BOLEX D16 C Mount Cinema Camera with built-in 512GB SSD
SONY F55 4K Digital Cinema Camera
.\rrr\uu’s Remark
Global Shutter နည်းပညာ ကို အခြား ကင်မရာ နာမည်ကြီး အမှတ်တံဆိပ်တွေ ကော လိုက်ထုတ်လာကြတော့ မှာလား?
Mobile Phone လက်ကိုင်ဖုန်း ကင်မရာတွေ မှာကော ဒီနည်းပညာ ရောက်လာတော့ မှာလား?
ကင်မရာတွေ က Mechanical Shutter သံလေးတွေ လွမ်းရတော့မယ့် ခေတ်ရောက်လာတော့ မှာလား?