(၁)
ရာထူး ကြီး လာလေလေ
တန်ဆာ ဆင်တတ် လာလေလေ
(၂)
တန်ဆာ ဆင်တတ်လာလေလေ
ရာထူး ကြီး လာလေလေ
(၃)
အခုခေတ်အခါ ကို သရော်ခြင်း (Satire)
ဘယ် တစ်ခုခု ကို ကာတွန်းဆရာ က ပြောချင် နေတာလည်း ကျနော် ဆုံးဖြတ်လို့ မရ။
စာဖတ်သူတို့ အမြင် ကော ဘယ်လို ရှိပါသလဲ ?
အချို့က စကားတန်ဆာ ဆင်တတ်တာ ကို ပညာဟု မှတ်ယူပေသည်။
အချို့က လိုရင်းတိုရှင်း သမားတွေ။
အချို့က စကားတန်ဆာ ဖြင့် လှည့်ပတ်နေသည်ကို ရွံတဲ့လူ လည်း ရှိပေသည်။
ဘာပဲဖြစ်ဖြစ် စကား ဆိုသည်မှာ အပေါ်ယံ ခြယ်မှုန်းသည့် အရာသာ ဖြစ်ပေသည်။
အတွင်း စိတ်ထား ကောင်းရန်သာ အဓိက လိုအပ်ပေလိမ့်မည်။
အတွင်း စိတ်ထားကောင်းပြီး အပေါ်ယံ မကောင်းသည့် စကားရိုင်းသူများလည်း ရှိနိုင်ပါသည်။