India Numbering System

India Numbering System

အိန္ဒိယ ဂဏန်း သင်္ချာ စနစ် က တော့ အင်တာနယ်ရှင်နယ် နဲ့ ဆင်တူတာ ရှိသလို ကွာခြားတာလည်း ရှိပါတယ်။

ဆင်တူတာ ကတော့ ကော်မာခံတာ ဖြစ်ပါတယ်။

ကွဲပြားတာ ကတော့ အောက် က ဇယား ကို ကြည့်ပါက ပိုကောင်းပါမည်။

10XMyanmarIndiaInt’l
0ခု1
One
1
One
1ဆယ်10
Ten
10
Ten
2ရာ100
Hundred
100
Hundred
3ထောင်1,000
Thousand
1,000
Thousand
4သောင်း10,000
Ten Thousand
10,000
Ten Thousand
5သိန်း1,00,000
Lakh
100,000
Hundred Thousand
6သန်း10,00,000
Ten Lakh
1,000,000
Million
7ကုဋေ1,00,00,000
Crore
10,000,000
Ten Million
8ဆယ်ကုဋေ10,00,00,000
Ten Crore
100,000,000
Hundred Million
9ရာကုဋေ100,00,00,000
Hundred Crore
1,000,000,000
Billion

Zero သုည

သုည ကို အိန္ဒိယ လူမျိုး တီထွင်ခဲ့တယ် လို့ ကြားဖူးတယ်။ ဂဏန်းသင်္ချာ အတွက် အရေးပါတဲ့ တီထွင်မှု ဖြစ်ပါတယ်။

Lakh သိန်း

မြန်မာနိုင်ငံ မှာတော့ သိန်း​ ဂဏန်း ကို တွင်တွင်ကျယ်ကျယ် အသုံးပြုကြတာ ကို တွေ့ရမည်။ တသန်း ထက် စာရင် ဆယ်သိန်း လို့ သာ လူ တော်တော်များများ ပြောကြဆိုကြသည်။ ဒါတွေ က Informal အသုံး တွေပါ။ သန်း ဂဏန်း ဖြစ်တဲ့ Formal ကို အစိုးရ သတင်းစာ မှာ တွေ့နိုင်ပါတယ်။

Crore ကုဋေ

အိန္ဒိယ ဂဏန်းသင်္ချာ မှာ Crore ဖြစ်တဲ့ ကုဋေ က အကြီးဆုံး ပါ။ ဒါကလည်း ၇ လုံး တဖြတ် ဖြစ်တဲ့ ပါဋ္ဌိ/မြန်မာ နဲ့ ပြန် ကိုက်ညီနေပါတယ်။