Mergers & Acquisitions (M&A)
ဘယ် လုပ်ငန်း နယ်ပယ်တိုင်း မဆို ကုမ္ပဏီတွေ ပေါင်းကြ၊ ဝယ်ကြတာ တွေ့နေ မြင်နေ ရမှာပါ။ အင်္ဂလိပ်လို ဆိုရင် Mergers & Acquisitions လို သုံးပါတယ်။
Merger က ကုမ္ပဏီ အရွယ်အစား တူချင်း … အခြေအနေ တခု အရ ပူးပေါင်း လုပ်ကိုင်တာပါ။ ၂ခုစလုံး သူမသာ ကိုယ်မသာ ဖြစ်တော့ နာမည်အသစ် ပြောင်းကြတာ များပါတယ်။ ဥပမာ။ ။ နားကြားကိရိယာထုတ်တဲ့ ကုမ္ပဏီ Big Six က Widex (Denmark) နဲ့ Sivantos (Singapore) တို့ ပေါင်းစပ်ရာကနေ WS Audiology (wsa.com) ဖြစ်သွားတာမျိုးပါ။ ဆေးကုမ္ပဏီ Glaxo Wellcome နဲ့ SmithKline Beecham တို့ ပေါင်းစပ်ရာကနေ GlaxoSmithKline (GSK.com) ဖြစ်သွားပါတယ်။ အရွယ်အစား တူချင်း ပေါင်းစပ်တာ ဖြစ်လို့ အဆင်မပြေကြရင် Reverse Merger လုပ်ကြပါတယ်။
Acquisition ကတော့ ကုမ္ပဏီအကြီး က သူ့လက်အောက်ထဲကို ထည့်ဖို့ အခြားကုမ္ပဏီ အကြီး/အလတ်/အသေး ကို တခု ဖြစ်စေ/တပိုင်းဖြစ်စေ ဝယ်လိုက်တာပါ။ Take over လို့ သုံးတာကလည်း Acquire ဝယ်သိမ်းလိုက်တဲ့ သဘောပါပဲ။ ဝယ်သိမ်းတာက အပြင်လောကမှာ ပိုမြင် ပိုတွေ့တာ များပါတယ်။
ဥပမာ။ ။
- Meta/Facebook က Instagram, Whatsapp တို့ကိုဝယ်၊
- Microsoft က Nokia, Skype, LinkedIn, GitHub တို့ကိုဝယ်၊
- Lenovo က IBM Thinkpad, Motorola တို့ကိုဝယ်၊
- Disney က Pixar, Marvel, 20th/21st Century Studio ကိုဝယ်၊
- Apple က NeXT, Beats by Dr.Dre တို့ကိုဝယ်၊
- Alphabet/Google က Android, Nest, Fitbit တို့ကိုဝယ်၊
- Colgate က လေဆာ သွားတိုက်ဆေး ကိုဝယ်၊
- Ant/Alibaba က Lazada, Shop.com.mm တို့ကိုဝယ်၊
- Tata Motors က Jaguar Land Rover ကိုဝယ်၊
- Elon Musk (တဦးတည်း) က Twitter ကိုဝယ်၊
စသဖြင့် …
Types of M&A
1. Horizontal M/A
လုပ်ငန်းတူ၊ နယ်ပယ်တူခြင်း ပေါင်းစည်း/သိမ်းဝယ်တာပါ။ နားကြားကိရိယာထုတ်တဲ့ ကုမ္ပဏီ ၂ခု ပေါင်းစည်းခြင်း လိုပါပဲ။ Colgate က လေဆာသွားတိုက်ဆေး ဝယ်ယူခြင်း အားဖြင့် သွားတိုက်ဆေးထုတ်တဲ့ စက်ရုံ ဆောက်စရာ မလိုအပ်တော့သလို ဈေးကွက်လည်း လေဆာနဲ့ ပြိုင်စရာ မလိုအပ်တော့ပါဘူး။
2. Vertical M/A
Supply Chain မှာ အပေါ် သို့မဟုတ် အောက်ဘက် နယ်ပယ် တခုခု ကို တိုးချဲ့ လုပ်ကိုင်ဖို့ ရာ ပေါင်းစည်/သိမ်းဝယ်တာပါ။ Apple က Beats by Dr. DRE ကို ဝယ်လိုက်ခြင်းဖြင့် အသံပိုင်းဆိုင်ရာ ထုတ်ကုန် Earbud, Earphone ကိုယ်ပိုင်ထုတ်ကုန် ရှိသွားတာမျိုးပါ။
3. Conglomerate M/A
နည်းပညာ လုပ်ငန်းကြီးတွေ ဖြစ်တဲ့ Alphabet/Google, Meta/Facebook, Microsoft တို့ဟာ သူတို့ Vision တွေအရ တိုးတက်လာတဲ့ နည်းပညာကုမ္ပဏီလေးတွေကို သူတို့ သိမ်းဝယ်ပြီး Technology & Talent ကို ဝယ်ပါတယ်။
ဆေးပစ္စည်း လောကမှာ ဆိုရင် MEDTRONIC, Stryker, Boston Scientific တို့လည်း Technology & Solutions ကို ဝယ်ပါတယ်။ ကုမ္ပဏီသေးလေးတွေက ပစ္စည်းကောင်းပေမယ့်လည်း ဈေးကွက် မဖောက်နိုင်လေတော့ ကုမ္ပဏီကြီးတွေဆီ ရောင်းလိုက်ခြင်းဖြင့် သူတို့လက်အောက် ဝင်သွားကြပါတယ်။ ကုမ္ပဏီကြီးတွေက တကမ္ဘာလုံး အရောင်း ရှိနေတော့ ခြေတံလက်တံရှည်ပါတယ်။ သူတို့ ဝယ်လိုက်တဲ့ ပမာဏ ကို အချိန်တိုအတွင်း ပြန်ရှာနိုင်တဲ့ အစွမ်းအစ ရှိကြပါတယ်။
4. Concentric M/A
Concentric ကျတော့ လုပ်ငန်း မတူဘူး။ ဒါပေမယ့် Target Audience ပစ်မှတ်ထားတဲ့ လူတန်းစား သို့မဟုတ် ဖောက်သည် တူကြလို့ ပေါင်းစည်း/သိမ်းဝယ်တာမျိုးပါ။ Disney ဆို Entertainment ဖျော်ဖြေမှု လုပ်ငန်း 20th Century Fox ရုပ်ရှင်လုပ်ငန်း၊ PIXAR animation ကာတွန်းရုပ်ရှင်လုပ်ငန်း တို့က ဖောက်သည်တွေ တူပါတယ်။
Elon Musk’s Twitter / X
Elon Musk အီလွန်မက် ဟာ All-in-One App လုပ်ဖို့ အမြဲ ပြောဆိုနေတတ်ပါတယ်။ ပုံမှန် ၅ နှစ် အချိန်ယူရတာမျိုးကို အီလွန်မက် က “၁နှစ်နဲ့ ဘယ်လို ရအောင် လုပ်မလဲ” ပြောင်းပြန် မေးခွန်းမျိုး မေးပြီး Brainstorming လုပ် Solutions တွေ ရှာတတ်ပါတယ်။ Twitter ကို ဝယ်ယူတာကလည်း အချိန် ချုံ့ ချင်လို့ပါ။
All-in-One App ဆိုတာ Social Media + Messenger + Shopping + Payment အစ ရှိသဖြင့် တခုတည်းမှာ အကုန် ပါဝင်တာမျိုးပါ။ Social Media ပုံတွေ ဗီဒီယိုတွေ တင်လို့ ရမယ်။ Messenger အချင်းချင်း ပြောဆို ဆက်ဆံတာတွေ ရမယ်။ Shopping ဈေးဝယ်လို့ ရမယ်။ Payment ငွေပေး ငွေယူ စနစ်တွေ ပါမယ်။
All-in-One App က မထွက်သေးတာတော့ မဟုတ်ပါဘူး။ WeChat က တရုတ်မှာ လက်ရှိ အသုံးများနေပြီး ပေါက်တဲ့ App ဖြစ်ပါတယ်။ တကမ္ဘာလုံး အတိုင်းအတာတော့ မပေးနိုင်သေးပါဘူး။ Meta/Facebook ကလည်း Social Media + Messenger + Shopping က ရနေပါပြီ။ သူ့ကိုယ်ပိုင် Payment စနစ်တော့ မရှိသေးပေမယ့် အခြား အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး Cryptocurrency တခု ဦးဆောင် လုပ်နေပါတယ်။
Facebook’s Buying Spree
Why Acquires ?
Technology & Talent ကြောင့် သိမ်းဝယ်တာပါ။ သူတို့ရဲ့ နည်းပညာ Technology တွေက User Experience အသုံးပြုရတဲ့ အတွေ့အကြုံ ကောင်းတယ်။ Active User လက်ရှိတကယ် အသုံးပြုနေသူ များတယ်။ Patent နည်းပညာပိုင်ဆိုင်ခွင့် လက်မှတ်/လိုင်စင် တင်ထားတယ်။ သူတို့ဆီက လူတွေက Talent တော်တယ်။ ပါရမီ ပါတယ်။ သူတို့ လက်ရှိ လုပ်နေတဲ့ နည်းပညာ ကလည်း နောက်ပိုင်း အလားအလာ အများကြီး ရှိတယ်။ အဲ့နယ်ပယ် မှာ စတင်လုပ်ကိုင်ခြင်း ထက် အဲ့နယ်ပယ် မှာ နေရာရှိနေပြီးသား ကုမ္ပဏီ ကို ဝယ်လိုက်ခြင်း က ပိုမြန် ပိုသေချာပါတယ်။
Why Companies Sell ?
တန်ကြေး ပိုပေးလို့ပါ။ အချို့ကတော့ ငွေချည်း သက်သက်ပဲ Offer ပေးတာတော့ မဟုတ်ပါဘူး။ အလုပ်ရာထူး၊ ကုမ္ပဏီအကြီး ရှယ်ယာ၊ ခံစားခွင့် တို့လည်း တွဲပေးပါတယ်။ ပိုင်ရှင်ကိုယ်တိုင် ဆက်လက် မလုပ်ကိုင်ချင်တော့လို့ ရောင်းတာလည်း ဖြစ်နိုင်ပါတယ်။
Mergers & Acquisitions: The Sell Blueprint
INFO-TECH – M&A: The Sell Blueprint