Markup & Margin

Markup & Margin အကြောင်း မပြောခင် Cost အရင်းကုန်ကျစရိတ်၊ Revenue ရောင်းရငွေ၊ Profit အမြတ် တို့ကို အရင် ပြောရမှာပါ။

Cost of Goods Sold (COGS)

Cost of Goods Sold (COGS) အရင်းကုန်ကျစရိတ် မှာ ပစ္စည်းတန်ဖိုး Product Cost နှင့် ကိုယ့်စီရောက်ဖို့ ကုန်ကျစရိတ် Landing Cost အကုန်ပါပြီးသားပါ။

Cost of Goods Sold (COGS) = Product Cost + Landing Cost
အရင်း ကုန်ကျစရိတ် = ပစ္စည်း အရင်းတန်ဖိုး + ကိုယ့်စီရောက်ဖို့ ကုန်ကျစရိတ်

ဥပမာ။ ။ ဘောပင် တချောင်း ၉၀၀ ကျပ်၊ ပို့ခ ၁၀၀ ကျပ် ပေါင်းဆိုရင် ၁၀၀၀ ကျပ် က COGS ပါ။

Revenue

Revenue / Sales ရောင်းရငွေ / ရောင်းဈေး။

အပေါ် က ဥပမာ ကိုပဲ ရောင်းဈေး ၂ မျိုး နဲ့ တွက်ကြည့်မယ်။
၁၅၀၀ ကျပ် နဲ့ ရောင်းရင် Markup & Margin ဘယ်လောက်လဲ။
အရင်း၂ဆ ဖြစ်တဲ့ ၂၀၀၀ ကျပ် နဲ့ ရောင်းရင် Markup & Margin ဘယ်လောက်လဲ။

Profit

Profit အမြတ်ငွေ ဆိုတာ ရောင်းဈေး ထဲက အရင်း ကို ဖယ်လိုက် နှုတ်လိုက်ရင် အမြတ် ရပါတယ်။

Profit = Revenue/SalesCost/COGS
အမြတ် = ရောင်းရငွေအရင်းကုန်ကျစရိတ်

Cost/COGS + Profit = Revenue/Sales
အရင်းကုန်ကျစရိတ် + အမြတ် = ရောင်းရငွေ

Markup

Markup = The Ratio of Profit to Cost

Markup အမြတ်တင် ရာခိုင်နှုန်း ဆိုသည့်အတိုင်း အရင်း ပေါ် မူတည်ပြီး ဘယ်လောက် ရာခိုင်နှုန်း အမြတ်တင် မလဲ ဆိုပြီး တွက်ရင် သုံးပါတယ်။

Markup = Profit / Cost
Markup = ( Revenue – Cost ) / Cost
Markup = ( Revenue / Cost ) – 1

Margin

Margin = The Ration of Profit to Revenue

Margin အမြတ်အစွန်း ရာခိုင်နှုန်း ဆိုသည့်အတိုင်း ရောင်းဈေး ကနေ ဘယ်လောက် ရာခိုင်နှုန်း အမြတ်အစွန်း ရသလဲ ဆိုပြီး သိချင်ရင် သုံးပါတယ်။

Margin = Profit / Revenue
Margin = ( Revenue – Cost ) – Revenue
Margin = 1 – ( Cost / Revenue )

Markup & Margin

ဥပမာ ပုဒ်စာအတိုင်း ၁၀၀၀ တန် ကို 50% Markup တင်လိုက်ရင် ရောင်းဈေး ၁၅၀၀ ကျပ် နဲ့ ရောင်းတာ အမြတ်ငွေ ၅၀၀ ကျပ် မြတ်တာဟာ အမြတ်အစွန်း 33.33% (1/3) ရပါတယ်။ 50% Markup = 33.33% Margin

၁၀၀၀ တန် ကို 100% Markup တင်လိုက်ရင်တော့ ရောင်းဈေး ၂၀၀၀ ကျပ်၊ အမြတ် ၁၀၀၀ ကျပ် နဲ့ အမြတ်အစွန်း 50% (1/2) ရပါတယ်။ 100% Markup = 50% Margin

Markup % ဆိုတာ အရင်းဈေး ပေါ်ကနေ တွက်တယ်။
50% Markup ဆိုတာ ၁၀၀ တန် ကို ၅၀ အမြတ်ပေါင်းပြီး ၁၅၀ နဲ့ ရောင်း။
100% Markup ဆိုတာ ၁၀၀ တန် ကို ၁၀၀ အမြတ်ပေါင်းပြီး ၂၀၀ နဲ့ ရောင်း။

Margin % ဆိုတာ ရောင်းဈေး ပေါ်ကနေ တွက်တယ်။
50% Margin ဆိုတာ ၁၀၀ ဖိုး ရောင်းရရင် ၅၀ မြတ်တယ်။ ကျန် ၅၀ က အရင်း။
30% Margin ဆိုတာ ၁၀၀ ဖိုး ရောင်းရရင် ၃၀ မြတ်တယ်။ ကျန် ၇၀ က အရင်း။

Image Source: Inflow Inventory

Calculator

https://www.omnicalculator.com/finance/margin

Simple Mode မှာတော့ Markup မပါရှိပေ။ ပါချင်ရင်တော့ Advanced Mode ရွေး။

Cost, Margin, Markup, Revenue, Profit ထဲက
ကိုယ် သိတဲ့ ဒေတာတွေ ၂ နေရာထည့်ပြီးတာနဲ့
Report ထွက်ပေးအောင် လုပ်ပေးထားပါတယ်။

ဘာမှမထည့်ဘဲ Margin/Markup % တခု ထည့်လိုက်တာနဲ့
အခြားတခု ကို တွက်ချက်ပေးပါတယ်။

Source

One Reply to “Markup & Margin”

Comments are closed.