ဒါရိုက်တာ Steven Spielberg လက်ရာ ဖြစ်တော့ ကြည့်လို့ ကောင်းမှာ သေချာတယ်။
Apple Studio က Produce ထုတ်လုပ်ပေးထားတဲ့ ဇာတ်ကား။
Donald L. Miller ရဲ့ ရေးတဲ့ စာအုပ် … စာအုပ် နာမည်ကလည်း ဇာတ်ကား နာမည် အတိုင်းပဲ။
Bloody Hundredth ဆိုတဲ့ အယောက် တရာ ဗုံးကြဲ အဖွဲ့ဟာ ဟစ်တလာ Hitler ရဲ့ ဖက်ဆစ်နာဇီတွေကို အန္တရာယ်များတဲ့ ကြားထဲကနေ သက်စွန့်စံဖျား တိုက်ပွဲဝင်တာတွေကို ကြည့်ရမှာပါ။ တချို့က ပစ်ချခံရပြီး ဖမ်းဆီးခံရတယ်။ တချို့က ဒဏ်ရာ ရတဲ့သူတွေ နဲ့ သေသွားတဲ့သူတွေ။ အဲ့ထဲမှာမှ အချို့ကတော့ အိမ်ပြန်နိုင်ခဲ့အောင် ကံကောင်းခဲ့ကြပါတယ်။
စောင့်ကြည့်ရမယ့် True Story ဇာတ်ကားကောင်း တခုပါ။