Mastery

Sal Khan – Founder & CEO of Khan Academy, a nonprofit organization on a mission to provide free, world-class education to anyone, anywhere.
American Educator

သင်ယူရေး Learning မှာ အဓိကကျောရိုး Core ဒါမှမဟုတ် အဓိက အကျဆုံးအချက်များ Key Leverage Points ဖြစ်တဲ့ ကျွမ်းကျင်ဖို့ သင်ယူရေး Idea of Mastery & တွေးခေါ်မှု အလေ့အကျင့် Idea of Mindset တို့ ဖြစ်ပါတယ်။

သင်္ချာ အခြေခံတွေ အကုန် မသိ/မတတ်တော့ ဟာကွက်တွေ ဖြစ်နေရော။ ဒီထက် အဆင့်မြင့်တဲ့ ပုစ္ဆာတွေ တွက်တော့ အခြေခံ မပိုင်တော့ ငါတို့ သင်္ချာဗီဇ Math Gene မပါလာဘူး။ ငါတို့ အတွက်အချက် မတော်ဘူး ဆိုပြီး ဖြစ်လာကြရော။

ဘဝ မှာ အလုပ်/အတတ်ပညာ တစ်ခု ကျွမ်းကျင်အောင် ဘယ်လို လုပ်မလဲ။ ကိုယ်ခံပညာ – ကရာတေး သင်တယ် ဆိုပါတော့ အဖြူရောင်ခါးပတ် အခြေခံအကွက်တွေ ကျွမ်းကျင်ပြီ လုပ်တတ်တာကြာပြီ ဆိုမှ အဝါရောင်ခါးပတ် အဆင့် ရောက်တယ်။ ဂီတတူရိယာ သင်ယူတာလည်း အလားတူပါပဲ။ အခြေခံ သိအောင်/တတ်အောင် ထပ်ခါတလဲလဲ တီးရတယ်။ တီးတာ ကျွမ်းကျင်ပြီ ဆိုမှသာ နောက်တဆင့် တတ်တာ ဖြစ်ပါတယ်။

သမရိုးကျ ပညာရေးပုံစံ က အပေါ်က ပုံစံ အတိုင်း သွားတာ မဟုတ်ပါဘူး။ အသက်အရွယ်တူတဲ့လူတွေ စုပြီး အတူတူပေါင်းသင်တယ်။ သင်ပြီး အိပ်စာပေးတယ်။ လကုန်ရင် စာမေးပွဲ စစ်တယ်။ ၇၅ရာခိုင်နှုန်းကျော်ရင် အောင်တယ်။ အမှတ် ၉၀ ရတဲ့သူဟာ ၁၀မှတ်ဖိုး မသိတာ ရှိနိုင်တယ်။ ဒါပေမယ့်လည်း နောက်တစ်တန်းတက်တယ်။ အခြေခံ မပိုင်တော့ အလွတ်ကျက်တွေ ဖြစ်လာတယ်။ အချိတ်အဆက်တွေ နားမလည်တော့ဘူး။ နားမလည် ခက်ခဲတော့ စာမလုပ် ကျောင်းမတက်ချင်တော့ဘူး။ စာလုပ် ကျောင်းတက်ရတာ မပျော်တော့ဘူး။

ဒီသမရိုးကျ ပညာရေးစနစ် က ဘယ်လောက် ကသောင်းကနင်း နိုင်လှလဲ ဆိုတာကို ဆောက်လုပ်ရေး လုပ်ငန်း နဲ့ ဥပမာပေးသွားတယ်။ အိမ်ဆောက်သူ Contractor ကို အိမ်အောက်ခြေအထိုင် ဆောက်ဖို့ ၂ပတ် အချိန်ပေးတယ်။ အဲ့အတောအတွင်း မိုးရွာတာ ဖြစ်နိုင်တယ်။ တချို့အိမ်ဆောက်ပစ္စည်း မလုံလောက်တာ ဖြစ်နိုင်တယ်။ ဒါပေမယ့် စစ်ဆေးသူ Inspector က အမှတ် ၈၀ ပေးတယ်။ ပထမထပ် အတွက် ၂ပတ် ထပ်ရတယ်။ ဒီတခါ ၇၅မှတ်ရတော့ ဒုတိယထပ်၊ တတိယထပ် နဲ့ တိုက်ပြိုပါရော။ Contractor ဆောက်တဲ့လူ မကောင်းလို့လား ??? Inspector စစ်ဆေးသူ ညံ့လို့လား ??? သူတို့ ပြောင်းလည်း လဲလည်း အလုပ်ဖြစ်မှာ မဟုတ်ပါဘူး။ System စနစ် ကိုက Process လုပ်ငန်းစဥ် ကိုက မှားနေတာပါ။

အမှတ် ၈၀ ရတာက ကျနော်တို့မှာ ဗီဇ/ပါရမီ မပါလာလို့ မဟုတ်ပါဘူး။ ၂၀ မှတ်ဖိုး မှားတဲ့ သင်ခန်းစာတွေ အတွက် ပြန်လေ့လာ သိအောင် တတ်အောင် လုပ်ဖို့ပါ။ ဒီလို စိတ်ထား ရှိဖို့ပဲ လိုအပ်တဲ့အပြင် ကျွမ်းကျင်အောင် တတ်သည်အထိ ဇွဲလုံ့လ Grit, Preservance ရှိဖို့လည်း လိုအပ်ပါတယ်။