“ကုသိုလ်တစ်ပဲ ငရဲတစ်ပိဿာ” စကားပုံ
ကုသိုလ် ဖြစ်စေရန် ရည်ရွယ်ချက်ဖြင့် လုပ်သော်လည်း လုပ်ပုံကိုင်ပုံ မလျော်ကန်လျှင် အကုသိုလ်များစွာ ဖြစ်ရသကဲ့သို့ ကောင်းစေလို၍ လုပ်သော်လည်း လုပ်ပုံကိုင်ပုံ မလျော်ကန်လျှင် အကျိုး ထက် အပြစ် က များစွာ ပိုဖြစ်စေခြင်း ကို ရည်ညွှန်းသည်။
ဝီကီပီးဒီးယား | ကုသိုလ်တစ်ပဲ ငရဲတစ်ပိဿာ
ပါချုပ်ဆရာတော် အရှင်နန္ဒမာလာဘိဝံသ

စာအုပ်
ကုသိုလ် လုပ်ပြီး အကုသိုလ် ဖြစ်ရတာတွေ ရှိတယ်။
ကုသိုလ် ဆိုတာ လုပ်တတ်မှ ၊
မလုပ်တတ်ရင် အကုသိုလ် ဖြစ်တယ်။
ငရဲ တစ်ပိဿာ / ငရဲ ကြီးတယ် ဆိုတာ အပြစ် ကြီးတယ် ၊ အကုသိုလ် များတယ်။
အပါယ် (၄) ဘုံ
- ငရဲ
- တိရစ္ဆာန်
- ပြိတ္တာ
- အသူရကာယ်
သုတ္တန် ပါဋ္ဌိတော် မှာတော့ ငရဲ၊ တိရစ္ဆာန်၊ ပြိတ္တာ – အပါယ် (၃) ဘုံ ပဲ ရေးတာ များတယ်။
ယဇ်
ယဇ >>> ယည >>> ယဇ်
ယဇ် ပူဇော်တယ် ဆိုတာ ကုသိုလ် ရချင်လို့ လုပ်တာ ၊ ကောင်းမယ် ထင်လို့ လုပ်တာ။ အကုသိုလ် ဖြစ်မယ် ထင်တယ် ဆို မလုပ်ဘူး။
ကာလိက (၄) ပါး
- ယာဝကာလိက
ထမင်း၊ ဟင်း၊ မုန့်၊ စားစရာ၊ သောက်စရာ၊ ဆွမ်း၊ ဆွမ်းဟင်း၊ မုန့်၊ နံနက်စာ စားတဲ့ အသီးတွေ - ယာမကာလိက
အဖျော်ယမကာ - သတ္တာဟကာလိက
ထောပတ်၊ ဆီဦး စတဲ့ ဆေးအဖြစ် သုံးတဲ့အရာတွေ - ယာဝဇီဝိက
မကျန်းမာလို့ သောက်ရတဲ့ဆေး
ရွှေကျင်ဆရာတော် ရဲ့ အလားတူ စကားပုံ
တစ်နှစ်တစ်ခါ ငရဲရှာ
ရွှေကျင်ဆရာတော်
လူ့ရွာ ဘုရားပွဲ
