Skip to content
ArrrLuu

ArrrLuu

I Share with You All
ArrrLuu
ArrrLuu
I Share with You All
  • Art
        • Art
        • DIY
        • Graphic Design
        • Fashion
        • Ads
        • Creativity
        • Design
  • Idea
        • Buddhism
        • Future
        • Ethics
        • Advice
  • Info
        • Book
        • Course
  • Edu
        • Education
        • Burmese
        • English
        • Chinese
        • Engineering
        • Acoustics & Sound
        • Energy
  • Tech
        • Font
        • Digital Marketing
        • Animation
        • App
  • Care
        • Communication
        • Fitness
        • Food & Drink
        • Agriculture
        • Culture
        • Environment
        • Family
        • Gardening
        • Friendship
  • Pro
        • Analytical Skill
        • Business
        • Business Networking
        • Career
        • Focus
        • Decision Making
        • Delegation
        • Brand
        • Accounting
        • Finance
        • Banking
        • Attitude
        • Entrepreneur
        • CRM
  • Relax
        • Entertainment
        • Gaming
        • Funny & Joke
  • Shop
        • My account
        • Cart
        • Checkout
ArrrLuu
ArrrLuu
I Share with You All
  • Facebook
  • YouTube
Brand Logo

Mi

arrrluu 6 October 2023 XiaoMi
Image Source: Logowik

Table of Contents

Toggle
  • XiaoMi
  • MI
  • Heart
  • Story

XiaoMi

小米 Xiǎomǐ ရှောင်မီ ဆိုတာ အခုတော့ Global Brand ကမ္ဘာ့အမှတ်တံဆိပ် တခု ဖြစ်နေပါပြီ။ လူတော်တော်များများ လည်း ရှောင်မီ အရည်အသွေး ကို လက်ခံကြတယ်။ မကောင်းရင် Made in China တရုတ်ထုတ်မို့လို့ ပြောတတ်ကြပေမယ့် Xiao Mi ဆိုတာ တရုတ်ထုတ်မို့လို့ မကောင်းပြောသူ မရှိသလောက်ပဲ။

MI

တရုတ်ဘာသာ စကား အနေနဲ့ “小米” ဆန်သေးလေး လို့ အဓိပ္ပါယ် ရပါတယ်။ အင်္ဂလိပ်လို ဆိုရင်တော့ သူတို့ ဝက်ဆိုက်ဒ် (အပေါ်ပုံ) မှာ ပြထားသလိုပဲ MI = Mobile Internet သယ်သွားလို့ ရတဲ့ အင်တာနက် ကို ကိုယ်စားပြုပါတယ်။ အချို့ကလည်း MI = Mission Impossible လို့ ခေါ်ပါတယ်။ မဖြစ်နိုင်ဘူး ထင်ရတဲ့ အခက်အခဲတွေ အများကြီး ရင်ဆိုင် ဖြတ်ကျော်လာတာကြောင့်ပါ။

Heart

MI လိုဂို ကို ပြောင်းပြန် လှန်ကြည့်ရင် တရုတ်စာလုံး “心” နဲ့တူပါတယ်။ 心 Xīn ဆိုတာ ရင်ထဲက သို့မဟုတ် အသည်းနှလုံး အစရှိသဖြင့် အဓိပ္ပါယ် ထွက်ပါတယ်။ MI – Just for Fans စကားလိုပဲ သူတို့ အားပေးသူတွေအတွက် သူတို့ Community အားကောင်းအောင် လုပ်တယ်။ ထောက်ပံ့မှုတွေ ပေးတယ်။

Story

ရန်ကုန် မှာ ရှောင်မီ တံဆိပ် နာမည် လူတွေ သိပ်မသိသေးချိန် … ကျနော် ဖုန်းဆိုင်မှာ ရှောင်မီ ဘယ်မော်ဒယ်လည်း မမှတ်မိတော့ ဆင်းကဒ် ၂ကဒ် ထည့်သုံးလို့ ရတာ ကြိုက်လို့ ဝယ်တာတော့ မှတ်မိတယ်။ လူ ၂ယောက် သူတို့အကြိုက် လိုချင်တဲ့ ပုံစံတွေ ပြောနေကြတာ၊ တံဆိပ်ဆိုလည်း Samsung, Motorola, etc. … ဆင်းကဒ် ၂ကဒ် ထည့်လို့ ရတာလည်း ပါမယ် ထင်တယ်။ ကျနော်လည်း မနေနိုင်လို့ XiaoMi ကောင်းတယ်၊ ကျနော်လည်း အဲ့ဖုန်း ဝယ်နေတာ ပြောတာ … တရုတ်ဖုန်း မို့လို့၊ မကြားဖူးတဲ့တံဆိပ် မို့လို့ ထင်တယ်။ သူတို့ မကြားဘူးတဲ့ တံဆိပ်တွေ သိပ်မကြိုက်လို့ ထင်တယ်။ သူတို့လည်း ဘာမှ မပြောတော့ ကျနော်လည်း စကား ဆက်မပြောတော့ဘူး။ ကို ပြောစရာ ရှိတာ ပြောလိုက်ရင် နေသာထိုင်သာ ရှိသွားပြီ … ဒါဆို ရပြီ … ဝယ်တာ မဝယ်တာ သူတို့ အခွင့်အရေး ပဲ။

Post navigation

Previous Previous post: M&A
Next Next post: Rhythm
  • Facebook
  • YouTube
ArrrLuu | Designed by: Theme Freesia | WordPress | © Copyright All right reserved