Microsoft To Do

To-Do Lists App ထဲမှာ ကျနော့် အကြိုက်ဆုံး

https://to-do.office.com/tasks

Eisenhower Matrix

⭐ Important အရေးကြီး ⭐

အရေးကြီးတဲ့ အလုပ်တွေကို ⭐ Star ပြထားပြီး
ဘယ်ဘက်ခြမ်းမှာလည်း သပ်သပ် ကြည့်လို့ ရအောင် လုပ်ထား …

⚡ Urgent အလျင်လို ⚡

အလျင်လိုတဲ့ အလုပ်တွေကို Today လုပ်မယ့် စာရင်း “My Day” ထဲ ထည့်ထားပြီး သီးသန့် ကြည့်လို့ ရ …

အခြား အလုပ်တွေ ကိုလည်း Deadline နောက်ဆုံးပြီးရမယ့် ရက်စွဲ ကို ရွေးထားလို့ ရ …

Reminder သတိပေးဖို့ ကလည်း သီးသန့် ထည့်လို့ ရ …

👤 Assign to 👤

Group မှာ သက်ဆိုင်ရာ လူတွေ ထည့်ထားပြီး သူတို့နဲ့ သက်ဆိုင်တဲ့ လုပ်ငန်းဆောင်တာတွေ အတွက် တာဝန်ခွဲပေး Delegate & Assign ပေးထားလို့ ရ …

ကိုယ့် ကို Assign လုပ်ထားတာလည်း ဘယ်ဘက် မှာ သပ်သပ် ကြည့်လို့ ရ …

Wunderlist

Wunderlist (Germany) နာမည်နဲ့ တခေတ် တခါ က ဆုတံဆိပ်တွေ ရပြီး နာမည်ကြီးလိုက်သေး … ရိုးရှင်း သုံးလို့ ကောင်းတဲ့ UI/UX ဒီဇိုင်း နဲ့ Online/Offline သုံးလို့ ရတာက ကျနော့် အကြိုက် … ကုမ္ပဏီ ကို Microsoft က ဝယ်လိုက်ပြီး အဖွဲ့ တခုလုံး က Microsoft လက်အောက် ရောက်သွား … အဲ့အဖွဲ့ ကပဲ Wunderlist ပုံစံတူ Microsoft To-Do ပရောဂျက် စတင် လုပ်ဆောင်ခဲ့လို့လည်း အခုလိုမျိုး ဖြစ်လာတာ … Microsoft To-Do အောင်မြင်လာတော့ Wunderlist app ကို ရပ်တန့် ဖို့ စီစဉ်လာခဲ့တယ် … ဘာပဲဖြစ်ဖြစ် အမှတ်တရ ရှိနေမှာပါ …