
Minesweeper
Microsoft Window အရင်ဗားရှင်းတွေတုန်းက Built-in ပါဝင်တဲ့ ဂိမ်းလေးပါ။ Logical အကြောင်း ပြောရင် ဒီဂိမ်းနဲ့ ဥပမာ ပေးနိုင်ပါတယ်။
Level အဆင့်
Beginner | Intermediate | Expert ဆိုပြီး အဆင့် (၃) ဆင့် ခွဲထားပါတယ်။
Rule ဥပဒေသ
1 ရေးထားရင် သူ့ဘေးပတ်ချာလည် မှာ ဗုံး (၁) လုံး ရှိတယ်လို့ ဆိုလိုတာပါ။ 2 ဆို ဗုံး (၂)လုံး၊ 3 ဆို ဗုံး (၃)လုံး။ အများဆုံး ဂဏန်း က ဘေးအကွက်တိုင်း ဗုံး ဖြစ်နေခဲ့ရင် ဗုံး (၈) လုံး ပါ။ ဗုံး မနှိပ်မိဘဲ ကျန်နှိပ်စရာ အကုန် နှိပ်နိုင်ရင် နိုင်ပြီ။

ဗုံး ကို ညာဘက်ကလစ်နှိပ်ခြင်းဖြင့် သတ်မှတ်နိုင်ပါတယ်။ ပုံမှာ 1 ဘေးမှာ ဗုံး (၁) လုံး ရှိနေပြီ ဖြစ်သဖြင့် ကျန် ၄ကွက်စလုံးကို အန္တရာယ်ကင်းကင်း နှိပ်လို့ ရပါတယ်။
Online Game Website
မဆော့ဘူးရင် Beginner ကနေ စဆော့ကြည့်ပါ။