ကမ္ဘာမှာ တန်ဖိုးအကြီးဆုံး အရာ

တစ်နေ့မှာတော့ ဘုရင့်သား နှင့် အမတ်ကြီးသည် နိုင်ငံရပ်ခြားမှ လာသော ကုန်သည်များရဲ့ဈေးသို့သွားကြည့်ကြသည်။ မမြင်ဘူး မတွေ့ဘူးသော ပစ္စည်းများကား ပြည့်နှက် နေသဖြင့် မင်းသားကား အရာအားလုံးကို ထူးဆန်းစွာ လိုက်ကြည့်နေ၏။ ကျောက်သံပတ္တမြား နှင့် လက်ဝတ်ရတနာများပါ ရောင်းချနေသည်ကို တွေ့သော် မင်းသား က အမတ်ကြီး အား မေး၏။

အမတ်ကြီး လောကတွင် ဈေးအကြီးဆုံး အရာကား မည်သည့် အရာ ဖြစ်သနည်း

အမတ်ကြီး က

အရှင့်သား ရွှေငွေပစ္စည်း များစွာ တို့သည် အခကြေးငွေ ပေးပြီး ဝယ်ယူလို့ရ၏။

အချိန်ကား အခကြေးငွေပေး၍ ဝယ်ယူ၍မရ၊ ဆွဲဆန့်၍သာရ၏။

ထို့ကြောင့်အချိန်ကား ဈေးကြီးပေသည်

ဘုရင့်သားက

ထို့ထက်ဈေးကြီးတာ ရှိသေးသလော

ရှိပါသည်အရှင့်သား လောကတွင်ဈေးအကြီးဆုံး အရာကား ယုံကြည်မှု ဖြစ်ပေသည်။

ယုံကြည်မှု ဆိုသည်မှာ ဈေးကြီးလှစွာသော အချိန်များ အလွန်အကျွံ့သုံးပြီးမှ ရရှိတတ်၏။

ယုံကြည်မှု ဆိုသည်မှာ သစ်ပင် နှင့် တူ၏။

အချိန် ပေး၍ ရေလောင်း ရ၏၊ ပြုစု ရ၏၊ ကြီးထွားလာဖို့ကို နှစ်ပေါင်း များစွာ စောင့်ရ၏။

ယုံကြည်မှု သည်လဲ ထိုနည်းလည်းကောင်း ဖြစ်ပေသည်။

လူတစ်ယောက် နဲ့တစ်ယောက် ယုံကြည်မှုရဖို့ နှစ်ပေါင်း များစွာ ပေါင်းဖက် နေထိုင် မှသာရရှိပေသည်။

သို့ပေမယ့် နှစ်ပေါင်း များစွာ ပြုစုလာတဲ့ သစ်ပင် ကို ခုတ်ပစ်ဖို့မှာ နေ့တစ်ပိုင်း မျှပင် အချိန်မကုန်ပေ။

လူတစ်ယောက် နဲ့ အနှစ်နှစ် အလလ ဆောက်တည်ထားတဲ့ ယုံကြည်မှု ကို စကားတစ်ခွန်းဖြင့်ပင် ဖျက်ဆီး ပစ်နိုင်သည်။

ထို့ကြောင့် ယုံကြည်မှု ကား ဈေးအကြီးဆုံးဖြစ်ပေသည်။

အရှင့်သား ချစ်သူ ခင်သူ၊ လင်မယား အချင်းချင်း၊ လုပ်ဖော် ကိုင်ဖက်၊ မောင်နှမ အချင်းချင်း ဝေးကွာရခြင်း၏ အကြောင်းသည် ယုံကြည်မှု ကို အခြေခံလေသည်။

မလိုသူရဲ့ စကားတစ်ခွန်းကြောင့် ထိုယုံကြည်မှုကို ပျက်ပြယ်ချင်းဖြစ်နိုင်ပေသည်။

ထို့ကြောင့် အနှစ်နှစ် အလလ တည်ဆောက်ထားတဲ့ ယုံကြည်မှု ကိုသာ မပျောက်ပျက်အောင် ဉာဏ်နှင့်ယှဉ်၍ စောင့်ထိန်းလော့

အမတ်ကြီး နှင့် ဘုရင့်သားလဲ ဈေးမှ ပြန်လာခဲ့လေသည်။


ကနောင် News | Ka Naung . Net ဝက်ဆိုက် မှ
မောင်စိုင်း ရေးထားသော ပိုစ့် ကို ကူးယူဖော်ပြပါသည်။