
2014 ခုနှစ်ကနေ စတင်ပြီး သရုပ်ဆောင် လျှောက်ဖို့ ကိစ္စတွေနဲ့ စလာလိုက်တာ …
ဇာတ်ကားထွက်လာခါနီးလာတာနဲ့ အမျှ ည ရုံတင်ရက် (x) ရက် အလို စသဖြင့် …
အနုပညာအသိုင်းအဝိုင်း က ဝန်းရံသူတွေနဲ့ ပရိသတ်တွေကို စွဲဆောင်နိုင်ခဲ့။
ရုံစတင်တဲ့ရက်တွင်လည်း Red Carpet ပွဲလုပ်ခဲ့။
ရုံတင်ပြီးနောက်နေ့ တွင်လည်း ရုပ်ရှင်ရုံတွေဆီ သရုပ်ဆောင်များ သွားရောက်ကာ ရုပ်ရှင်အတွက်ရော သရုပ်ဆောင်တွေအတွက်ပါ ပရိုမိုရှင်း မာကတ်တင်း လုပ်ဆောင်နေကြတုန်း။
အသံ ကို ပြန်သွင်းတဲ့ System လုပ်ထား။
Makeup Designer အပြင် Costume Designer ပါ ခန့်ထားတာ ထူးခြား။
နိုင်ငံခြားရုပ်ရှင်ကားတွေမှာ ဇာတ်ကားအစမှာ ငွေကြေးသော်လည်းကောင်း ၊ ပစ္စည်းသော်လည်းကောင်း ၊ ဝန်ဆောင်မှုသော်လည်းကောင်း Sponsor ပေးထားတဲ့ Brand တွေက အများကြီး။ ဒီဇာတ်ကားမှာတော့ MAYBELLINE – New York တစ်ခုတော့ Sponsor Brand အနေနဲ့ တွေ့ရ။ နောက်ပိုင်းတော့ များလာအောင် ကြိုးစားသင့်တယ်။ ကိုရီးယားကားတွေမှာ သူတို့ နိုင်ငံထုတ်တဲ့ Hyundi နောက်ဆုံးပေါ်ကား ကို ဇာတ်ခန်းထဲမှာ ကားတံဆိပ် Brand မြင်အောင်ပြတာမျိုး ၊ ဇာတ်ကားမလာခင် ကြော်ငြာပြတာမျိုး စုံလို့ ။
မြန်မာနိုင်ငံတဝန်း ရှိ ရုပ်ရှင်ရုံတွေမှာ ပြသနိုင်အောင် စီစဉ်ထားသလို နိုင်ငံခြားမှာ အင်္ဂလိပ်စာတန်းထိုး (သို့) အင်္ဂလိပ်စကားပြော ထည့်သွင်းပြီး အိမ်နီးချင်းဈေးကွက်သို့ ခြေဆန့်။
ဇာတ်လမ်းအကြောင်း Review လုပ်တဲ့သူတွေ အများကြီးဆိုတော့ မပြောတော့ပါဘူး။
GOOD OLD DAYS FILMS
Facebook Page | Good Old Days Production
Director | Script Writer – ထူးပိုင်ဇော်ဦး Htoo Paing Zaw Oo
Cinematographer – သိဒ္ဓိ Thaid Dhi
ရေချယ်တေဇ – မြစ်
ည ရုပ်ရှင်ဇာတ်လမ်း ရဲ့ ဇာတ်ဝင်တေး