Pangram

Pangram ပန်ဂရမ်

ပန်ဂရမ် (အင်္ဂလိပ်: Pangram) ဆိုသည်မှာ ဝါကျတစ်ခုအတွင်းတွင် သက်ဆိုင်ရာဘာသာစကား၏ အက္ခရာများ၊ ရေးထုံးများ အနည်းဆုံးတစ်ကြိမ်ပါဝင်သည့် ဝါကျတစ်ကြောင်းဖြစ်သည်။ ထို့အပြင် ယင်းဝါကျသည် ထိုက်သင့်သည့် တိုတောင်းမှုလိုအပ်ပြီး အဓိပ္ပာယ်ရှိရန်လိုအပ်သည်။ အက္ခရာအားလုံးကို အနည်းဆုံး တစ်ကြိမ်စီသုံးထားသည့် ဝါကျကို ခေါ်သည်။ ပန်ဂရမ်သည် တိုလေ ရေးရခက်လေဖြစ်သည်။ (Source: မြန်မာဝီပန်ဂရမ်)

English Pangram

The quick brown fox jumps over the lazy dog.

English Pangram

မြန်မာ ပန်ဂရမ်

သီဟိုဠ်မှ ဉာဏ်ကြီးရှင်သည်
အာယုဝဍ္ဎနဆေးညွှန်းစာကို
ဇလွန်ဈေးဘေး ဗာဒံပင်ထက်
အဓိဋ္ဌာန်လျက် ဂဃနဏဖတ်ခဲ့သည်။

မြန်မာ ပန်ဂရမ်

ဘာကြောင့် Pangram သုံး ?

Typing

ဘာသာစကား လက်နှိပ် လေ့ကျင့်ရာတွင် abcd….xyz ဆိုတာမျိုးထက် ပိုအသုံးများပါတယ်။ The quick brown fox jumps over the lazy dog. က ရိုက်ကျင့်ရတာ လက်တွေ့ ပိုဆန်တာ တွေ့ရမှာပါ။

Font Design

အက္ခရာ အစုံ ပါသဖြင့် ဖောင့်ဒီဇိုင်း ပုံစံ အကြမ်းဖျဉ်း ကြည့်ရှုနိုင်ခြင်း။

More English Pangrams