Google Search
Google ရဲ့ Search ရှာဖွေနိုင်စွမ်း က ကောင်းလို့ အသုံးပြုသူတွေကို ဆွဲဆောင်နိုင်ခဲ့တယ်။ အလကား သုံးလို့ ရတယ် ဆိုပေမယ့်လည်း အသုံးပြုသူတွေ များလာတော့ ကြော်ငြာ Google Ads – Sponsored Ads တွေ က Google ကို ဝင်ငွေ အဓိက ရှာပေးလာတယ်။
SEO
လူတယောက် တခုခု ကို Google မှာ ရှာလိုက်ပါက သက်ဆိုင်တဲ့ ကြော်ငြာ Sponsored တွေ အရင်တွေ့မယ်။ အဲ့ဒါတွေ ပြီးမှ Google ရဲ့ အသက်ဆိုင်ဆုံးတော့ ဝက်ဆိုက်ဒ်လင့် တွေကို တွေ့ရမှာပါ။ ထိပ်ဆုံးရောက်အောင် လုပ်နိုင်ဖို့ က Search Engine Optimization (SEO) ကို ကောင်းကောင်းသိပြီး ကောင်းကောင်း အသုံးချနိုင်ရပါတယ်။ ဗီဒီယို အဆိုအရ လူတွေက ဂူဂယ်လ် ကို ၈၀ရာခိုင်နှုန်းကျော် လောက် ယုံကြပါတယ်။ အဲ့တော့ အဲ့ဝက်ဆိုက်ဒ်လင့်တွေရဲ့ အကောင်းဆုံး Best, ဝေဖန်ဆန်းစစ်မှု Review တွေကို အမှန်အကန် လို့ကို ယုံကြည်ကြပါတယ်။ ယုံကြည်လို့ကို သူတို့ ပစ္စည်း၊ သူတို့ ဝန်ဆောင်မှုတွေကို ဝယ်ယူကြပါတယ်။
Loophole ဟာကွက်
တချို့သောလူတွေက SEO Website ကောင်းကောင်း တခု ကို ပြုလုပ်ဖန်တီးပြီး ကြော်ငြာ ပစ္စည်း/ဝန်ဆောင်မှုတွေ ဒါမှမဟုတ် ဝယ်ယူရင် ညွှန်းပေးခ Affiliate fee ပေးတဲ့ ပစ္စည်း/ဝန်ဆောင်မှုတွေကို ညွှန်းပေးလာကြပါတယ်။ ဒါကို Parasite SEO ဆိုပြီး သုံးနှုန်းတာပါ။ ပစ္စည်း/ဝန်ဆောင်မှု မစစ်မှန်ပါက ကျန်းမာရေး၊ လုံခြုံရေး၊ ငွေကြေးလုံခြုံမှုတွေကို ပါ ထိခိုက်နိုင်ပါတယ်။ အဲ့တော့ Sponsored Ads မဟုတ်သည့်တိုင် … ကိုယ်က မျက်စိမှိတ် မယုံဘဲ ထပ်မံ လေ့လာကြည့်ဖို့ တိုက်တွန်းလိုက်ရပါတယ်။