Paul Scholes

Favourite Player of Manchester United

“Manchester United” Facebook Page ကနေ မန်ချက်စတာယူနိုက်တက် မှ ကိုယ် အကြိုက်ဆုံး ကစားသမား ကို ကွန်မန့် ရေးပေးခိုင်းတယ်။

ဘာတစ်ခုမှ စဥ်းစား စရာ မလိုဘဲ ပေါလ်စခိုး လို့ မန့်ပေးခဲ့တယ်။

ကျနော် သူ့ကို ကြိုက်တဲ့ အချက်များစွာ ရှိပါတယ်။

(၁) အသင်း အပေါ် သစ္စာ ရှိခြင်း
(၂) စိတ်အား ပြင်းပြခြင်း
(၃) ခြေစွမ်း ကောင်းမွန်ခြင်း
(၄) အသင်း စိတ်ဓာတ် ရှိခြင်း

Wayne Rooney ဝိန်းရွန်းနီ လည်း Paul Scholes ပေါလ်စခိုး နဲ့ နင်လား ငါလား ပဲ။

အခု လက်ရှိကစားနေတဲ့လူတွေ ထဲမှာ ရွေးခိုင်းရင်တော့ Bruno Fernandes & Kobbie Mainoo နှစ်ယောက်။

အဓိက က အနိုင်ယူလို့ စိတ်အားပြင်းပြနေရမယ်။ ဒါက Red Devil spirit သရဲနီ စိတ်ဓာတ် ပဲ။

The Greatest Midfielder of All Time (GOAT)

Paul Scholes & Sir Alex Ferguson

Sir Alex Ferguson

Paul Scholes & Massima Moratti

စီးရီးအေ ထိပ်သီး ကလပ် အင်တာ မီလန် ဟာ ပေါလ်စခိုး ရဲ့ အရည် အသွေး ကို နှစ်သက်ခဲ့ပြီး အသင်း ပိုင်ရှင် မိုရက်တီ ဟာ အင်္ဂလန်သား ကို ရဖို့ ဘဏ်တိုက် သော့ကို ယူနိုက်တက် တာဝန်ရှိသူတွေ ဆီ ပေးအပ် ခဲ့ ပါတယ် ။ ဒါပေမယ့် စခိုး ရဲ့ ငြင်းဆန်မှု ကြောင့် ဒီကြိုးစားမှုတွေ ဟာ အရာ မရောက်ခဲ့ ပါဘူး ။

“ပေါလ် စခိုး ကို ခေါ်နိုင်ဖို့ ကျွန်တော်တို့ ပြင်းပြင်း ထန်ထန် အားထုတ်ခဲ့ ပါတယ် ။ တန်ဖိုး ဖြည့်မထားတဲ့ ချက်လက်မှတ် အလွတ် တစ်ခု ကို မန်ချက်စတာ ယူနိုက်တက် ကို ပေးခဲ့ပြီး သူ့ကို ခေါ်ဖို့ ကြိုးစားခဲ့ ပါတယ် ။ ဒါပေမယ့် သူက ‘ကျွန်တော့ကို လိုချင်ရင် မန်ချက်စတာ ယူနိုက်တက် တစ်သင်းလုံးကို ဝယ်မှရမယ်’ လို့ အကြောင်းပြန်ခဲ့ ပါတယ်” လို့ အင်တာမီလန် ပိုင်ရှင် မိုရက်တီ က ဖွင့်ဟ ပြောဆိုခဲ့ဖူး ပါတယ်။

Paul Scholes & Manchester United

အသင်း ပြောင်းဖို့ စိတ်ကူး မရှိလို့လဲ Player Agent ထားရှိခြင်းလည်း မရှိပါဘူး။

အနားယူသွားပြီးနောက်ပိုင်း အသင်းအတွက် လိုအပ်လာလို့ အသင်းထံ ပြန်လာခဲ့သူပါ။

ယခုထိတိုင် အင်တာဗျူးတွေမှာ အသင်း အပေါ် သူ့အမြင်တွေကို ဝေမျှရင်း သံယောဇဥ် ရှိနေစဲပါ။

Paul Scholes’s Greatest Player

Paul Scholes & Zinedine Zidane

Paul Scholes & Andres Iniesta

Paul Scholes လက်သစ်

“Read a few comparisons between me and this kid last week… don’t waste your time, he is 10 times the player I was at 19. Just love the way he receives the ball, the calmness, the awareness of what’s around him and of course big goals in big games. This boy is special… and he’s a f***ing Red.

ပြီးခဲ့တဲ့အပတ် မှာ ငါ နဲ့ အဲ့ကလေး ကို နှိုင်းယှဉ်တဲ့ စာအချို့ ဖတ်ခဲ့ရတယ်။
အချိန်ကုန်ခံ မနေပါနဲ့။
သူ က ငါ ၁၉နှစ်သားတုန်း ကစားတာထက် ၁၀ ဆ ပိုကောင်းတယ်။
သူ ဘောလုံးထိန်းတာ၊ တည်တည်ငြိမ်ငြိမ်ရှိတာ၊ ဘေးပတ်ချာလည် အခြေအနေ အသိရှိတာ အပြင် အရေးကြီးပွဲ မှာ အရေးကြီးဂိုး သွင်းနိုင်တာတွေကို ကြိုက်တယ်။
ဒီကလေး က အထူးကောင်း ပဲ … ပြီးတော့ သူက လုံးဝ သူရဲနီ ပဲ …

PAUL SCHOLES
Speaking on Instagram after the Emirates FA Cup final.

Paul Scholes Quotes

Gracious Quotes – Paul Scholes