Khan Academy | Economy | Finance & Capital Market
Personal Bankruptcy
Debts / Loans
If Debts/Loans can’t pay back
အကြွေးတွေကို မဆပ်နိုင်တော့ဘူး ဆိုရင်
Bankruptcy
လူမွဲခံယူတာ လုပ်ကြပါတယ်။
ခေတ် အနေအထား
ခေတ် | အကြွေး ပြန်မဆပ်နိုင်တော့တဲ့ အခါ | Remarks |
---|---|---|
ရှေးဂရိ | Debt Slave အကြွေး အစေခံ | |
နောက်ပိုင်းခေတ် | Debt Prison/Jail ထောင်ကျ | သူ့မိသားစု က ပြန်ဆပ်ပြီးမှ ပြန်လွတ်၊ မဆပ်ပါက မလွတ် |
ယခုခေတ် | Bankruptcy လူမွဲခံယူ |
Bankruptcy – Personal & Corporate
Bankruptcy မှာ တဦးတယောက် Personal အနေနဲ့ ရှိသလို ကုမ္ပဏီ/ကော်ပိုရိတ် Corporate အနေနဲ့လည်း ရှိပါတယ်။
- Personal Bankruptcy
- Chapter 7 – Straight Up
- Chapter 13 – Reorganization
- Corporate Bankruptcy
Ch. 7 – Straight Up Bankruptcy
လူပုဂ္ဂိုလ် တဦးတယောက်ချင်းစီ ရဲ့ ပိုင်ဆိုင်မှု အကုန်နီးပါး သိမ်းယူ ထုခွဲရောင်းချပြီး အကြွေးရှင်တွေကို အချိုးကျ ပြန်ပေးတာမျိုး ပြုလုပ်ပါတယ်။ ဒီလိုမျိုး လူမွဲခံယူပြီးပါက အကြွေး အားလုံး ရှင်းသွားပါပြီ။ ဘဝ အသစ် ပြန်လည် စတင်လို့ ရပါတယ်။ Credit Report ကတော့ နောက် ၁၀ နှစ်ကြာတဲ့ အထိ မှတ်တမ်း ကတော့ ရှိနေမှာပါ။ ဒါက လွဲလို့ ကျန်တာ အစ က ပြန်စ လို့ ရပါတယ်။ ဒါပေမယ့်လည်း ရဖို့ လွယ်မနေပါဘူး။
Ch. 13 – Reorganization Bankruptcy
မင်း အခု အကြွေး တောင်းနေလည်း ငါ့မှာ ပေးစရာ မရှိဘူး။ အဲ့တော့ ငါ Ch. 7 နဲ့ လူမွဲခံယူရမယ့် အခြေအနေ ဖြစ်သွားပြီ။ ငါ့ ကို အချိန် ပိုပေး … အတိုးနှုန်း လျော့ယူပေး စသဖြင့် ညှိုနှိုင်းပြီး ကို လည်း အသက်ရှူချောင်စေ၊ အလုပ်လည်း ဆက်လုပ်နိုင် … အကြွေးရှင် လည်း ချက်ချင်း အကြွေး မရသော်လည်း … အကြွေး မဆုံးဘဲ … အချိန် တခု အထိ အတိုင်းအတာ စောင့်ပေးလိုက်ရုံပါပဲ။ ဒီ လူမွဲခံယူမှု မျိုးကတော့ အကြွေး ပြန်ဆပ်နိုင်အောင် လုပ်နိုင်တဲ့ အခြေအနေမျိုးမှာ လျှောက်ထားကြပါတယ်။ အကြွေး ပြန်ဆပ်ဖို့ တာဝန် ကတော့ ဆက်ရှိ ဆက်ယူ ထားတဲ့ အခြေအနေမျိုးပါ။ အချိန် အတိုင်းအတာ တခု အထိ ချေးယူသူ/အကြွေးတင်သူ နဲ့ ချေးပေးသူ/အကြွေးရှင် နဲ့ ညှိယူကြတဲ့ သဘောပါ။ ဒါကလည်း ဖိုင်တင်ပြီ ဆိုကတည်းက Credit Report က ၁၀ နှစ်ကြာ ရှိနေမှာပါ။