TED | Tim Urban – Inside the mind of a master procrastinator
မြန်မာဘာသာ ပြန်ပေးထားတဲ့သူ ရှိသဖြင့် မြန်မာ Subtitle ရွေးပြီး ကြည့်ရှုနိုင်ပါသည်။
Procrastination အချိန်ဆွဲခြင်း
Thesis စာတမ်းတင်ဖို့ အတွက် အစီအစဉ် ရေးဆွဲ Planning လုပ်။ ရှေ့လပိုင်း ဖြည်းဖြည်းနဲ့စ … တဖြည်းဖြည်း အရှိန်တင် … အေးဆေးပဲပေါ့။ ဒါပေမယ့် ရှေ့လပိုင်းတွေ အေးဆေးဖြစ်နေပြီး မလုပ်ဖြစ်တော့။ Plan ပြောင်းဆွဲ။ ဒါလည်း မလုပ်ဖြစ်ပြန်တော့ တလ ကနေ ၂ပတ်၊ ၂ပတ် ကနေ ၁ပတ်၊ ၁ပတ် ကနေ ၂ရက်။ ၂ရက်ကျတော့ မအိပ်မနေ ရေးပြီးတင်လိုက်တယ်။ နောက်ပိုင်း ကျောင်းက ခေါ်တွေ့ခံရရော။
Brain Scan of Procrastinators အချိန်ဆွဲသူ ၏ ဦးနှောက်ပုံရိပ်
အချိန်မဆွဲတတ်သူ က Rational Decision-Maker ယုတ္တိတန်သော ဆုံးဖြတ်ချက် ချမှတ် ထိန်းချုပ် လုပ်ကိုင်နိုင်သူ ဖြစ်တယ်။ အချိန်ဆွဲတတ်သူတွေမှာတော့ Instant Gratification ဆိုတဲ့ မျောက် ရှိနေတယ်။ သူက တိရစ္ဆာန် ဖြစ်တဲ့အတွက် Easy လွယ်တာနဲ့ & Fun ပျော်တာနဲ့ စိတ်ဝင်စားတယ်။ သူကြောက်တဲ့အရာက The Panic Monster ပဲ ရှိတယ်။
The Panic Monster is dormant most of the time, but he suddenly wakes up anytime a deadline gets too close or there’s danger of public embarrassment, a career disaster or some other scary consequence.
Tim Urban
ယောက်ယပ်ခတ်ကောင်ကြီး ဟာ များသောအားဖြင့် ငြိမ်နေတတ်တယ်။ သူ ဘယ်လို အချိန်မျိုးမှာ ရုတ်တရက် နှိုးလာတတ်လဲ ဆိုတော့ နောက်ဆုံးသတ်မှတ်ရက် Deadline နီးလာတဲ့အခါမျိုး၊ အရှက်ရစရာ အခြေအနေရှိလာနိုင်တဲ့အခါမျိုး၊ အလုပ်အကိုင် ပြဿနာတတ်လာနိုင်တာမျိုး သို့မဟုတ် အခြားကြောက်စရာအခြေအနေမျိုး ဖြစ်လာနိုင်တဲ့အခါမျိုး မှာ နှိုးလာတတ်ပါတယ်။
Life Calendar
Wait buy Why .com ဆိုတာ Tim Urban ရဲ့ ဝက်ပေ့ ပါ။ ပုံလင့်ကနေ တဆင့် ၁နှစ်၊ ၁လ ချင်းစီအတွက် Typography ပုံတွေ ရှိပါတယ်။ ဒါပေမယ့် ၁ပတ် ကိုယ်စားပြု စတုရန်းတုံး Square Box လေးကို TED Talk မှာ ပြထားခဲ့တာပါ။
ငါတို့တွေ တနည်းနည်းနဲ့တော့ အချိန်ဖြန်းဖူးကြတာပဲ။ ဒါပေမယ့် မျောက်ရန် ကို သတိထားဖို့တော့ လိုအပ်မယ်။ အဲ့ဒါ ငါတို့ လုပ်ရမယ့် အလုပ်ပဲ။ ငါတို့တွေ စတုရန်းတုံး တော်တော်များများ ကျော်ဖြတ်လာကြပြီးပြီ။ စတုရန်းတုံးတွေ/အချိန်တွေ က အကန့်အသတ် ရှိပါတယ်။ ငါတို့ ဒီနေ့ စလုပ်လို့ ရမယ့် အလုပ်တွေ ရှိတာပဲ။
ဒီနေ့ မဟုတ်လည်း နောက် တချိန်ချိန် ပေါ့။ (အချိန်ဆွဲတတ်သူတွေရဲ့ အကျင့်အတိုင်း Sarcasm ရွဲစောင်းစောင်း ပြောသွားပါတယ်။)
Storytelling
Tim Urban ရဲ့ တင်ပြသွားပုံဟာ ထိထိမိမိ ရှိလှသည်။ ဟာသလေးတွေနဲ့ ဆွဲဆောင်သွားသည်။ ပုံလေးတွေနဲ့ နားလည်အောင် ရှင်းပြသွားသည်။ ကိုယ့်ဘာသာ ကိုယ့်ဇာတ်လမ်း နဲ့ ကိုယ့်ဘာသာ ကိုယ့်အကျင့် ကို ပြောသွားသည်။ နောက်ဆုံးနားမှ ငါတို့အားလုံး အချိန်ဆွဲတတ်ကြတယ် ဆိုပြီး အားလုံးလိုလို မှာလည်း အနည်း နဲ့ အများ ရှိတတ်ကြောင်း ပြောသွားသည်။ နောက်ဆုံးနားမှာတော့ ကျန်ရှိနေတဲ့အချိန်တွေကို သတိပြုမိအောင် စတုရန်းတုံး နဲ့ မြင်အောင် ပြသွားသည်။ မျောက်ရန် က သတိပြုပြီး အလုပ် စလုပ်ရန် နှိုးဆောင်သွားသည်။ အချိန်ဆွဲချင်လည်း ဆွဲနိုင်ပါသေးသည် ဟု ခနဲ့ သွားလိုက်ပါသည်။