
ရောမ ဂဏန်း
Roman Numerical ရောမဂဏန်း ကတော့ လူတိုင်း နဲ့တော့ အကျွမ်းတဝင် ရှိပြီးသား ဖြစ်ပါလိမ့်မယ်။ အထူးအားဖြင့် ၁ ကနေ ၁၀ အထိကတော့ တော်တော်များများ အခုခေတ်အထိ အသုံးပြုနေကြသေးတာ တွေ့ရပါလိမ့်မယ်။
ရောမဂဏန်း မှာ အပေါင်း ပုံစံ သာမက အနှုတ် ပုံစံ ကိုလည်း အသုံးပြုထားတာ တွေ့ရပါမယ်။ ၅ နဲ့ ၀ ရှေ့တခု ဖြစ်ကြတဲ့ ၄ နဲ့ ၉ ဂဏန်းတွေကိုတော့ ၅/၀ ဂဏန်း ကို ၁နှုတ်တဲ့ ပုံစံ စနစ် သုံးထားတာ တွေ့ရမှာပါ။
အကြီးဆုံး ရောမ ဂဏန်း အက္ခရာ
ပုံရဲ့ ညာဘက်ခြမ်းမှာ ပြထားတဲ့ အတိုင်း ရောမ ဂဏန်း အက္ခရာ (၇) လုံး ရှိပါတယ်။ အကြီးဆုံး ကတော့ ၁၀၀၀ ကိုယ်စားပြုတဲ့ M အက္ခရာပဲ ဖြစ်ပါတယ်။
ဒါပေမယ့် အကြီးဆုံး ရောမ ဂဏန်း အက္ခရာ သာ ဖြစ်ပါတယ်။ အကြီးဆုံး ရောမ ဂဏန်း တော့ မဟုတ်ပါဘူး။
အက္ခရာ ဂဏန်း (၇) လုံး သုံးထားတဲ့ အကြီးဆုံး ရောမ ဂဏန်း ကတော့ 3,999 ဖြစ်တဲ့ MMMCMXCIX ဖြစ်ပါတယ်။
ရောမ ဂဏန်း ကို အလွယ် ဘယ်လို ရေးမလဲ ?
ခု၊ ဆယ်၊ ရာ၊ ထောင် ခွဲပြီး အကြီးဆုံး ကနေ စရေး ရမှာ ဖြစ်ပါတယ်။
ArrrLuu
ဥပမာ အနေနဲ့ 3,999 ကို တွက်ကြည့်ရအောင်။
3000 = MMM , 900 = CM , 90 = XC , 9 = IX
3999 = MMMCMXCIX
နောက်ဥပမာ တစ်ခု အနေနဲ့ 2,467 ကို တွက်ကြည့်ရအောင်။’
2000 = MM , 400 = CD , 60 = LX , 7 = VII
2467 = MMCDLXVI
ဇယားပုံ ကို ကြည့်ပြီးတော့လည်း တွက်ကြည့် စစ်ကြည့် လို့ရပါတယ်။
ရောမ ဂဏန်း မျဉ်းကြောင်း
ရောမ ဂဏန်း အပေါ် မှာ မျဉ်းကြောင်း တစ်ကြောင်းတိုင်း က 1,000 တထောင် နဲ့ မြှောက်တယ်လို့ ဆိုလိုတယ်။ နှစ်ကြောင်း ဆို 1,000 x 1,000 တသန်း နဲ့ မြှောက်တာ ဖြစ်သွားပြီ။
ရောမ ဂဏန်း ရှေ့ နဲ့ နောက် မှာ မျဉ်းကြောင်း ပိတ်ထားရင်တော့ 100 တရာ နဲ့ မြှောက်တာလို့ ဆိုလိုတယ်။

1,000 (M) x 1,000 (ပထမမျဉ်း) x 1,000 (ဒုတိယမျဉ်း) x 1,000 (တတိယမျဉ်း)
1,000,000,000,000 = 1012 = 1 Trillion
Excel
ရောမ ကနေ ဂဏန်း ပြောင်းရင် =arabic(xx) သုံးပြီး
ဂဏန်း ကနေ ရောမ ပြောင်းရင်တော့ =roman(xx) သုံးပါတယ်။
သတိပြုရမှာက ၁ ကနေ ၃၉၉၉ အထိ ပဲ အလုပ်လုပ်ပါတယ်။


Resources