
သင်္သကရိုက် ဘာသာ
ပါဠိ: သက္ကတ
အင်္ဂလိပ်: Sanskrit
သမိုင်းဝင် အင်ဒို-အာရိယန်ဘာသာစကားတစ်ခုဖြစ်ပြီး ဟိန္ဒူဘာသာ၊ ဂျိန်းဘာသာနှင့် ဗုဒ္ဓဘာသာတို့၏ ကျမ်းစာများတွင် သုံးနှုန်းသော ဘာသာစကားဖြစ်သည်။ ယနေ့ခေတ်တွင် သင်္သကရိုက်ဘာသာသည် အိန္ဒိယနိုင်ငံတွင် တရားဝင် ဘာသာစကားတစ်ခုအဖြစ်သတ်မှတ်ထားပြီး အူထရာခန်ပြည်နယ်၏ ရုံးသုံးဘာသာစကားဖြစ်သည်။ အနောက်တိုင်း ဂန္ထဝင်ဘာသာဗေဒတွင် သင်္သကရိုက်ဘာသာသည် ဂရိဘာသာ နှင့် လက်တင်ဘာသာတို့ကဲ့သို့သော အနေအထားမျိုးရှိသည်။
ဆန်းစကရစ်ဟုလည်းခေါ်သော ထိုသက္ကတ ဘာသာသည် အိန္ဒိယနိုင်ငံသားတို့ အမြတ်နိုးဆုံး ဖြစ် သောဘာသာဖြစ်သည်။ ယင်းဘာသာကို နတ်တို့ပြောဆို သုံးစွဲသည့် ဘာသာ ဟုအမွှန်းတင်ကာဒေဝဘာသာဟုပင် ခေါ်ဝေါ်သမုတ်ကြသည်။
Sanskrit vs Pai
Resource
ဝီကီပီးဒီးယား – သင်္သကရိုက်ဘာသာစကား
