ဗန်းမော် သိန်းဖေ – NIKE ဖိနပ်ပုံပြင်

📷 ပန်းဆက်လမ်း

Phil Knight – Shoe Dog ဆိုတဲ့ စာအုပ် ကို ဆရာ ဗန်းမော် သိန်းဖေ ဘာသာပြန်ထားတဲ့ စာအုပ်ပါ။
ဘာသာပြန် ကောင်းတာမို့ ရုပ်ရှင်ဇာတ်ကား ကြည့်နေရသလို ပါပဲ။

Shoe dogs were people who devoted themselves wholly to the making, selling, buying, or designing shoes.

Shoe dogs ဆိုတာ ဖိနပ်တွေကို ပြုလုပ်တာ၊ ရောင်းတာ၊ ဝယ်တာနဲ့ ဒီဇိုင်း လုပ်တာတွေမှာ အချိန် နဲ့ စွမ်းအား ကို လုံးလုံးလျားလျား ပေးအပ် မြှပ်နှံထားကြသူတွေ ဖြစ်ကြပါတယ်။

NIKE တည်ထောင်သူ Phil Knight ကိုယ်တိုင် ရေးထားတဲ့ ဇာတ်လမ်း ဖြစ်တာမို့ … ဇာတ်ကြောင်း အစုံ သိရမှာပါ။
မာတိကာ ကိုတော့ သူ ဖြတ်သန်းခဲ့ရတဲ့ နှစ် အလိုက် အခန်းခွဲထားပါတယ်။

.\rrr\uu Notes

ရှုးသွပ်တဲ့ အကြံ ကနေ အောင်မြင်မှု ဆီ သွားတဲ့လမ်း ဟာ ဖြောင့်ဖြူးနေမှာတော့ မဟုတ်ဘူး။ ရောက်အောင်သွားဖို့ ကြိုးစားအားထုတ်မှု နဲ့ အတူတူ ပူးပေါင်းဆောင်ရွက်မှု တွေပဲ လိုအပ်တာပါ။

Fixed Asset နည်းတာ နဲ့ Cash Flow မကောင်းတာ/ငွေလက်ကျန် မများတာတွေဟာ ဘဏ်ချေးဖို့ အတွက် လက်တွန့် စေသလို အချိန်မရွေး ကုမ္ပဏီ ပြိုလဲ သွားစေနိုင်ပါတယ်။

သူ့ နေရာ နဲ့ သူ၊ သူ့ ကျွမ်းကျင်မှု နဲ့ သူ အသုံးချနိုင်ရမယ်။ ကိုယ့်လူတွေ အတွက် ကြည့်ပေးဖို့ လိုအပ်ပေမယ့်လည်း ကုမ္ပဏီ အတွက် လိုအပ်လာရင်တော့ လိုအပ်လာသလို လုပ်ခိုင်းရမယ်။ အဲ့ကျရင်တော့ တယောက် အတွက် က အရေးမကြီးတော့ဘူး ဆိုတာ တယောက်သောသူ သိနေစေရမယ်။

Share ရှယ်ယာ Class A & B အကြောင်းတွေ စီးပွားရေးလုပ်ငန်းရှင်တွေ သိသင့်သလောက် အကြမ်းဖျဉ်း ပြောပြထားတယ်။ တကယ် ရောင်းဖို့ ဆိုရင်တော့ လေ့လာ ရှာဖတ်ရအုံးမည်။

ဂျပန်၊ တရုတ် နဲ့ အလုပ်လုပ်ရင် သူတို့နဲ့ ပတ်သက်ပြီး လေ့လာမှတ်သားတယ်။ ဒါက Cultural Quotient (CQ) ပဲ။

သက်ဆိုင်ရာ ပညာရပ်တွေနဲ့ ပတ်သက်လာရင်လည်း သက်ဆိုင်ရာ ပညာရပ် ကျွမ်းကျင်သူ ကို ရှာတယ်။ မေးတယ်။ အကူအညီတောင်းတယ်။ ခန့်အပ်တယ်။ ဒါကလည်း အချိန်တိုအတွင်း ကျွမ်းကျင်မှု KSAC ဆိုတဲ့ Knowledge, Skill, Attitude, Competence ရယူနိုင်ခြင်း ပဲ။