Spirulina

Spirulina သဘာဝ စိမ်းပြာရေညှိ သည် Protein ပရိုတင်း အသားဓာတ် ရစေတဲ့ အပြင် သူ့မှာ ပါတဲ့ ခုခံစွမ်းအား မြှင့်တင်ပေးတဲ့ အစွမ်းတွေကြောင့် သာမန်နှာစေးချောင်းဆိုးတောင် မဖြစ်ပေ။ ကြော်ငြာ ဝင်ရခြင်း လည်း မဟုတ်သလို အပိုပြောခြင်းလည်း မဟုတ်ပါ။ ကျနော် ဆေးရောင်းတုန်းက PROVIMIN သောက်တဲ့သူတွေကို မေးမြန်းကြည့်တာ နေ့စဉ်ရက်ဆက် သောက်သုံးမှီဝဲသူတွေ အပြောအရ သာမန်နှာစေးချောင်းဆိုးတောင် မဖြစ်တဲ့အထိ ကျန်းမာရေး ဒေါင်ဒေါင်မြည်တွေချည်း။

ဆေးတိုင်းမှာ (အရာရာတိုင်းမှာ) ကောင်းကျိုး Pro နှင့် ဆိုးကျိုး Cons တွေ ဒွန်တွဲနေသည် ဖြစ်ရာ မလိုအပ်ရင် ကိုယ်တိုင်လည်း ဆေးမသောက်သုံးသလို အခြားသူကိုလည်း မညွှန်းတတ်ပေ။ ဆရာဝန် ဖြစ်လို့ ကျန်းမာအောင် ဘာသောက်ရမလဲ မေးရင်တော့ ကျနော် အဖြေ က သဘာဝစိမ်းပြာရေညှိ Spirulina ပါပဲ။

Spirulina သဘာဝစိမ်းပြာရေညှိ

PROVIMIN & AVAMIN တံဆိပ် ၂ခုစလုံး JUNE ကနေပဲ ထုတ်လုပ် ဖြန့်ချီ ရောင်းချတာပါ။
အောက်က စာတွေက JUNE မှ ကူးယူဖော်ပြပါသည်။ JUNE ရဲ့ အာဘော် သာ ဖြစ်ပါတယ်။

https://www.junespirulina.com/
https://www.facebook.com/JUNESpirulina/

PROVIMIN ဟာ လူတွေ နေ့စဥ်လိုအပ်တဲ့ ပြီးပြည့်စုံတဲ့ အာဟာရကို ဖြစ်စေပြီး AVAMIN က ခန္ဓာကိုယ်ရဲ့ ခုခံစွမ်းအားစနစ်ကို မြှင့်တင်ပေးနိုင်တာကြောင့် ဒီနှစ်မျိုးလုံးကို အခုလို ဆန်ပြားတဲ့ ကပ်ရောဂါများ ဖြစ်လာချိန်မျိုးမှာ အိမ်တိုင်းဆောင်ထားပြီး အမြဲသောက်သုံးသင့်ပါတယ်။

PROVIMIN

* PROVIMIN က ၁၉၈၇ – ၈၈ ခုနှစ်ကစပြီး နှစ် ၃၀ ကျော် သက်တမ်းရှိတဲ့ ဘာမှရောမထားသော 100% Spirulina အမှုန့် ဆေးပြား ဖြစ်တယ်။ အာဟာရပြည့်ဝသော ဖြည့်စွက်အစာအဖြစ်သောက် သုံးနိုင်တယ်။ အစာ အလွယ်တကူ မရချိန်မှာ အစာအဖြစ် အချိန်မရွေး နေရာမရွေး အသုံးပြုနိုင်တယ်။ ခရီးဝေးသွားရင် မဖြစ်မနေ သယ်သွားသင့်တယ်။

* ရေမရှိရင် လူက အသက်မရှင်နိုင်တာမို့ ရေကိုတော့ နည်းအမျိုးမျိုးနဲ့ ရအောင် ရှာကြပါတယ်။ ချက်ပြုတ်စားသောက်ဖို့ မဖြစ်နိုင်တဲ့ နေရာမျိုးကို ရက်ရှည်ခရီး သွားရမယ် ဆိုရင် PROVIMIN ဟာ လိုအပ်တဲ့ အာဟာရကို ပြည့်စုံစွာပေးနိုင်တာမို့ SPIRULINA နဲ့ ရေရှိရင် အာကာသခရီးကိုတောင် သွားနိုင်ကြလို့ NASA FOOD လို့လဲ တင်စားခေါ်ကြပါတယ်။

AVAMIN

AVAMIN က Spirulina အမှုန့်ကို Spirulina extract ထပ်ပေါင်းထားပြီး Mineral နဲ့ Vitamin C ထပ်ပါတယ်။ ခန္ဓာကိုယ်အလေးချိန် အနည်းအများအလိုက် မနက် / ည အချိန်ခွဲ သောက်တာဖြစ်ဖြစ် သို့မဟုတ် တစ်ကြိမ်တည်း သောက်နိုင်သော အချိန်မှာ သောက်သုံးနိုင်ပါတယ်။

SPIRULINA ဟာ ဆေးမဟုတ်လို့ မိမိစိတ်တိုင်းကျ သောက်လို့ရတာက အားသာချက် တစ်ရပ်ပါပဲ။ အနည်းဆုံးတော့ မိမိအိပ်ယာဝင် အိပ်ယာထ သောက်လို့ရအောင် အိပ်ယာဘေးမှာ ထားအိပ်တာ ကောင်းပါတယ်။ သက်စောင့်ဆေးလို့ တင်စားနိုင်တဲ့ အာဟာရကို လုံလောက်စွာ အထောက်အပံပြု လူကို နေထိုင်ကောင်းခြင်းဆိုတဲ့ Wellbeing ကို SPIRULINA က ပေးနိုင်လို့ပါပဲ။

AVAMIN ရဲ့ ထူးခြားချက်က Spirulina powder အပြင် Spirulina extract ထပ်ပေါင်းထားလို့ သာမန် Spirulina powder ဆေးပြားတွေထက် ပါဝင်နှုန်း ပိုမြင့်ပြီး အာနိသင် ပိုထက်မြက်တယ်။ virus ရောဂါတွေကို ကာကွယ်နိုင်ဖို့ antiviral activity ဟာ စပီရူလိုင်းနားရဲ့​ အဆီအနှစ်မှာ ပိုမိုပါဝင်ကြောင်း ပညာရှင်များက ထပ်မံတွေ့ရှိခဲ့ကြတယ်။ ဗိုင်းရပ်စ် ကြောင့် ဖြစ်ပွားတဲ့ ရောဂါအမျိုးမျိုး (တုပ်ကွေး ရောဂါများ အပါအဝင်) ဖြစ်ပွားခြင်းကို ကာကွယ်လျော့ကျစေတယ်။ AVAMIN ထဲမှာ Vitamin C လဲ ပါဝင်တယ်။

ခန္ဓာကိုယ်ထဲက အဆိပ်အတောက် တွေကို ပြင်ပကို ရှင်းထုတ်ပေးနိုင်တယ်။ ဒီအဆိပ်တွေ ခန္ဓာကိုယ်ထဲ ရှိနေခဲ့ရင် မကောင်းလို့ အရေးကြီးတဲ့ လုပ်ငန်းကို SPIRULINA က လုပ်ပေးနိုင်ပါတယ်။

SPIRULINA ဆိုတာ ဘာလဲ?

သေးငယ်တဲ့ မှန်ဘီလူးနဲ့ ကြည့်မှ မြင်နိုင်တဲ့ စပလိန်ပုံရှိတဲ့ သေးငယ်သော ရေညှိ (Microalgae) ဖြစ်တယ်။ ကိုင်တွယ်လို့ မရနိုင်ဘူး။ သာမန်မျက်စိနဲ့ မမြင်ရဘူး။

* Spirulina ဟာ SUPERFOOD စူပါအစာ တစ်မျိုးလဲ ဖြစ်တယ်။

* Spirulina မှာ လူတစ်ယောက်အတွက် နေ့စဉ်လိုအပ်တဲ့ ပရိုတိန်း အသားဓာတ် 55 to 60%၊ ဗီတာမင်၊ သတ္တုဓါတ်နဲ့ အမိုင်နိုအက်ဆစ် အခြား ဒြပ်စင်တွေ အာဟာရ ပြည့်စုံစွာ ပါဝင်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး WHO က စပီရူလိုင်းနားကို PERFECT FOOD အဖြစ် အသိမှတ်ပြုထားတယ်။

♥ အစားအစာတွေ စားတဲ့အခါ အာဟာရပြည့်စုံချင်ရင် အမျိုးအစား စုံလင်စွာ စားရပါတယ်။ Spirulina (PROVIMIN) ကတော့ ၅၀၀ မီလီဂရမ် ဆေးပြား ၆ ပြား သောက်ရုံနဲ့ နေ့စဉ် လိုအပ်တဲ့ အာဟာရ တော်တော်များများကို ကိုယ်ခန္ဓာအတွက် ပြည့်စုံစွာ အထောက်အပံ့ပြုပေးနိုင်တယ်။

* အသား ငါး မစားလိုသူတွေ၊ ကလေးတွေ၊ သက်ကြီး ရွယ်အိုတွေ၊ အားကစားသမားတွေ အတွက် ပရိုတိန်း အသားဓာတ် ၅၀ % ကျော် ပါတာမို့ သောက်သုံးသင့်တယ်။ စပီရူလိုင်းနားဟာ အမဲသားထက် ပိုပြီး အသားဓာတ် ပါဝင်နှုန်း မြင့်ပါတယ်။

* ဓာတုပစ္စည်းများနဲ့ ဓာတ်ခွဲခန်းမှာ စမ်းသပ်နည်းပညာ မြင့်မားစွာ ထုတ်လုပ်ထားတဲ့ အားဆေး အမြောက်အများရှိပေမဲ့ ယနေ့ခေတ်မှာ Spirulina အားဆေးကို နိုင်ငံ အတော်များများမှာ ပိုမိုကြိုက်နှစ်သက်လာကြတယ်။ သဘာဝ အသား အသီးအရွက်တွေလိုပဲ ခန္ဓာကိုယ်ထဲ ဘေးဖြစ်စေမဲ့ ဓာတ်ကြွင်း မကျန်စေနိုင်လို့ပါပဲ။

* အမေရိကန်နိုင်ငံ အစားအသောက် ကွပ်ကဲရေးဌာန US FDA က Spirulina ကို Natural Food အဖြစ် သတ်မှတ်ထားတယ်။

* Spirulina ဟာ အစာ ဖြစ်လို့ အခြားဆေးတွေလို အစာစားပြီးမှ သောက်စရာ မလိုဘူး။ သူ့ကို အစာအဖြစ် အသုံးပြုနိုင်တယ်။ ညဘက် ဆေးသောက်ရရင် အစာထ မစားချင်/နိုင်တဲ့အခါ PROVIMIN ၅၀၀ မီလီဂရမ် ၅ ပြားကို သောက်မဲ့ဆေးနဲ့ အတူ အစာအဖြစ် တွဲသောက်နိုင်တယ်။

♥ စပီရူလိုင်းနား နဲ့ ရေသာ ရှိရင် အခြားအစာ မစားဘဲ ကျန်းမာစွာ ကိုယ်အလေးချိန်လျှော့ချနိုင်ကြောင်း ဂျပန်လူမျိုး တစ်ဦးမှ ရက်ပေါင်း (၉၀) တိတိ စမ်းသပ်ခဲ့ဖူးတယ်။ ဝိတ်လျှော့ချင်သူများ သောက်သုံးနိုင်ပါတယ်။

* နေ့စဉ် စားသောက်နေတဲ့ လ္ဘက်ရည် ကော်ဖီ မုန့်ပဲ သားရေစာတွေဟာ အာသာပြေမှုကိုပဲ ပေးပြီး ကျန်းမာရေးအကျိုး ဖြစ်ထွန်းမှု နည်းပါးတယ်။ ဆေးလုံးတစ်လုံး ကုန်ကျစရိတ် မမြင့်မားပေမဲ့ အာဟာရ ဖြစ်ထွန်း ကျန်းမာရေး အထောက်အကူ များစွာပြုနိုင်တဲ့ JUNE SPIRULINA ထုတ်ကုန်ပစ္စည်း အမျိုးမျိုးကို သင့်ရဲ့ နေ့စဉ် အစာတွေထဲ ပါဝင်အောင် ထည့်သွင်း စားသုံးသင့်ပါတယ်

*** အခုလို virus ရောဂါများ ကမ္ဘာတစ်ဝှမ်း ကူးစက် ဖြစ်ပွားနေချိန်မှာ မိမိစားသုံးတဲ့ အစားအစာများဟာ အာဟာရပြည့်ဝဖို့ အထူး လိုအပ်ပါတယ်။

Cost & Value

♥ PROVIMIN တစ်ဘူးမှာ

500 mg x 100 ပြား ပါပြီး 5000 ကျပ် ကျသင့်တာကြောင့်

500 mg ဆေးပြားတစ်ပြားကို 50 ကျပ် ကျသင့်ပါတယ်။

လ္ဘက်ရည်တစ်ခွက်သောက်ရင်တောင် လ္ဘက်ရည်တစ်ခွက်တောင် 500 ကျပ် အနည်းဆုံး ပေးနေရတဲ့ အချိန်မှာ သင့်ခန္ဓာကိုယ်အတွက် အာဟာရပြည့်စုံစွာ ဖြည့်ပေးမဲ့ PROVIMIN ဆေးပြား ၆ ပြားကို ငွေ 300 ကျပ်ခန့် သုံးပြီး သောက်သုံးမယ်ဆိုရင် သင်ရရှိမဲ့ ကျန်းမာရေး အကျိုးကျေးဇူးတွေကို သင်ကိုယ်တိုင်ခံစား သိရှိလာပါလိမ့်မယ်။ အသားငါး ၃၀၀ ဖိုး ဝယ်စားဖို့ ခက်ခဲပေမဲ့ အာဟာရပြည့်စုံတဲ့ PROVIMIN ၆ ပြားက သင့်အတွက် လိုအပ်တဲ့ အသားဓာတ်အပါအဝင် လုံလောက်တဲ့ အာဟာရကို ပေးပါလိမ့်မယ်။

♥ PROVIMIN ကို တစ်နေ့လျှင်

၆ ပြားမှ ၁၀ ပြား သောက်သုံးနိုင်ပါတယ်။ အခြားနိုင်ငံများတွင် တစ်နေ့လျှင် ၃ ဂရမ်(500 mg x 6 tab) မှ ၁၀ ဂရမ် (500 mg x 20 tab) အထိ စားသုံးကြပါတယ်။

♥ AVAMIN တစ်ဘူးမှာ

1000 mg x 60 ပြား ပါပြီး 6000 ကျပ် ကျသင့်တာကြောင့်

1000 mg ဆေးပြားတစ်ပြားကို 100 ကျပ် ကျသင့်ပါတယ်

တစ်နေ့ နှစ် ပြားသောက်ရမယ်ဆိုရင် 200 ကျပ်ပဲ ကျသင့်ပါတယ်။ သူက ပိုအာနိသင် ထက်မြက်ပြီး ကုန်ကျငွေ ပိုသက်သာမယ်။

Benefit

AVAMIN ကိုသောက်ခြင်းဖြင့် သင်ရရှိမဲ့ ကျန်းမာရေး အကျိုး ကျေးဇူးတွေက အာဟာရပြည့်စုံစွာ ရရှိခြင်းအပြင် Virus ရောဂါကို ကူးစက်ခြင်းမခံရအောင် ကာကွယ်ရာမှာ သင့်ခန္ဓာကိုယ်အတွက် အဓိက အရေးပါတဲ့ ခုခံစွမ်းအားစနစ်လို့ ခေါ်တဲ့ ***IMMUNE SYSTEM*** ကို မြှင့်တင်ပေးနိုင်တဲ့ အစွမ်းသတ္တိရှိပါသော Spirulina အဆီအနှစ်ပါလို့ ဗိုင်းရပ်စ် ရောဂါပိုး ကူးစက်ခြင်းက ကာကွယ်ပေးနိုင်ပါတယ်။

Dosage

♥ AVAMIN ကို တစ်နေ့လျှင်

ကိုယ်အလေးချိန်

– 120 lb အောက် တစ်နေ့ ၂ လုံး

– 120 မှ 150 lb ကြား တစ်နေ့ ၂ လုံး မှ ၃ လုံး

– 150 အထက် တစ်နေ့ ၃ လုံးမှ ၄ လုံး သောက်သုံးနိင်ပါသည်။ မိမိနှင့် သင့်တော်သော နေထိုင်၍ ကောင်းသည့် အနေအထားကို မိမိကိုယ်တိုင် ချိန်ညှိပါ။

* မနက် ည ( ၂ ) ကြိမ် ခွဲ မသောက်နိုင်ပါက တစ်ကြိမ်ပေါင်းသောက်နိုင်ပါသည်။ Superfood သည် အစာတစ်မျိုးပင် ဖြစ်သောကြောင့် ကြိုက်နှစ်သက်သောအချိန်တွင် သောက်သုံးနိုင်ပါသည်။

Recommendation

♥သင့်ခန္ဓာကိုယ် ခုခံစွမ်းအားစနစ် မြင့်နေဖို့ ခုချိန်မှာ ဘယ်လောက် အရေးကြီးလဲဆိုတာ သိပြီမို့ JUNE SPIRULINA က ထုတ်တဲ့ AVAMIN (အားဗားမင်း) စပီရူလိုင်းနား အစိမ်းရောင်ဘူးကို သောက်သုံးသင့်ပါတယ် လို့ အကြံပြုပါရစေ။

♥*** သင်နှင့် သင်ချစ်သောသူများ ကျန်းမာစေဖို့အတွက် ***♥ မှန်ကန်တဲ့ ရွေးချယ်မှု နဲ့ အသုံးပြု ကြစေလိုပါတယ်။

မြန်မာနိုင်ငံသူ နိုင်ငံသားများအားလုံး ရောဂါကပ်မှ ကင်းဝေးနိုင်ကြပါစေ လို့ JUNE SPIRULINA မှ ဆန္ဒပြု ဆုတောင်းမေတ္တာပို့သအပ်ပါတယ်။

ရပ်ဝေးရပ်နီး လက်လီ လက္ကား ပြန်လည်ရောင်းချလိုသူများ

ရန်ကုန်။ 09 7760 12000, 09 7760 13000, 09 7760 14000

မန္တလေး။ 09 7750 12000, 09 7750 13000, 09 7750 14000

များသို့ ဆက်သွယ်ဝယ်ယူနိုင်ပါကြောင်း ဖိတ်ခေါ်အပ်ပါတယ်။