Stan Lee

Keynote at the 2017 Graduation Ceremony

Anecdote = Story with a point မက်ဆေ့ ပေးနိုင်တဲ့ ဇာတ်လမ်းတို

Publisher ထုတ်လုပ်သူ က နောက်ထပ် Superhero စူပါဟီးရိုး ဖန်တီးခိုင်းတယ်။ ထုတ်လုပ်သူ က ပြောတော့ သူလည်း ဖန်တီးဖို့ Superhero မှာ Superpower ကတော့ ရှိရမှာပဲလေ။ ဘာ စူပါပါဝါ ပေးရမလဲ စဉ်းစားနေတုန်း fly ယင်ကောင် က နံရံမှာ ကပ်နားနေ။ စဉ်းစားမိတာက နံရံတွေပေါ် တွယ်ကပ် နေနိုင်ပြီး သွားလာနိုင်တဲ့လူ ဆိုရင်တော့ မိုက်တယ်ပေါ့။ နာမည် ပေးဖို့ လိုလာပြီ။ Flyman Mosquitoman … Spiderman ပင့်ကူလူသား … အသံထွက်ခေါ်ရတာ မိုက်တယ်ပေါ့။

အစွမ်းလည်း ရပြီ။ နာမည်လည်း ရပြီ ဆိုတော့ကာ … Personal Problem လူမှုရေးပြဿနာ ရှိခိုင်းလိုက်မယ်။ လူတော်တော်များများ မှာ ကိုယ့်ပြဿနာနဲ့ကိုယ် ရှိကြတာပဲ။ Teenager ဆယ်ကျော်သက် အရွယ်ထားလိုက်မယ်။ အဲ့အချိန်တုန်းက ဆယ်ကျော်သက် စူပါဟီးရိုး ငါ သိသလောက် မရှိသေးဘူး။

ထုတ်လုပ်သူ ကို စူပါဟီးရိုး အသစ် အကြောင်း အပြေးအလွှား သွားပြောတော့ သူ ပြန်တုံ့ပြန်တာက

Stan, that is the worst idea I have ever heard.
စတန် .. ဒီဟာက ငါ ကြားဖူးသမျှ ထဲမှာ အဆိုးဝါးဆုံး အကြံဉာဏ်ပဲ။

Logical ယုတ္တိကျကျ စဉ်းစားတတ်တဲ့သူ Intellectual ဉာဏ်ရှိသော လူကြီးတယောက်။

စိတ်ပျက်သွားတယ်။ ဒါပေမယ့် ငါ့ အတွေးထဲကနေ Spiderman ပင့်ကူလူသား ကို ထုတ်ပစ်လို့ မရနေသေးဘူး။

Amazing Fantasy မဂ္ဂဇင်း မရောင်းရလို့ ပိတ်သိမ်းပစ်ရတော့မယ့် အခြေအနေ။ Last issue နောက်ဆုံး စာစောင် ဖြစ်တော့ ဘယ်သူမှ ဂရုမစိုက်ကြတော့။ ငါကလည်း ငါ့ အတွေးထဲက Spiderman ကို ထုတ်ပစ်ဖို့ အရေး … မဂ္ဂဇင်း အဖုံးပုံ နဲ့ ဇာတ်လမ်းရေးထုတ်လိုက်တယ်။

နောက်တလလောက်ကြာတော့ ထုတ်လုပ်သူ က ငါ့ ရုံးခန်းထဲ ပြေးလွှား

Stan … Stan … You remember that character we both loved so much “Spiderman”
စတန် … စတန် … ငါတို့ ၂ယောက်စလုံး ကြိုက်တဲ့ ဇာတ်ကောင် “ပင့်ကူလူသား” လေ …

Let’s do them as a serie!
ငါတို့ ဇာတ်လမ်းတွဲ ထုတ်ကြရအောင် ~~~

“အဆိုးဝါးဆုံး အကြံဉာဏ်” လို့ ပြောပြီး ငြင်းခဲ့တဲ့ ထုတ်လုပ်သူ က အခုကျတော့ “ငါတို့ ကြိုက်ကြတဲ့ ဇာတ်ကောင်” ဖြစ်သွားရော။ လူတွေက ရယ်ရတယ်။

ငါ ဘာကြောင့် ဒီဇာတ်လမ်း ပြောနေရတာလဲ ဆိုတော့ …

If you have an idea that you genuinely think is good, don’t let some idiot talk you out of it!
မင်း မှာ အကြံကောင်း ရှိတယ် ဆိုရင် … ငပိန်းတွေ ရဲ့ ငြင်းတဲ့ စကား ကို လက်မခံပါနဲ့ …

Stan Lee as Cameo ဖြတ်လျှောက်

Leave a Reply

Your email address will not be published. Required fields are marked *