

Elon Musk ဟာ Tesla ရဲ့ Co-Founder, CEO ဖြစ်ပါတယ်။ လျှပ်စစ်ကား ဆိုတာနဲ့ Tesla ကို တန်းမြင်သည်အထိ ဈေးကွက်ကို စတင်ခဲ့ပါသည်။
သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းဖို့ ရန်အတွက် ကမ္ဘာကြီး ပူနွေးတာကို လျော့ချဖို့ အတွက် လောင်စာဆီ အသုံးပြမှု ကို အဓိက လျော့ချပြီး Solar Energy & Electrical Energy ဖြစ်တဲ့ Renewable Energy ကို Promote ကြော်ငြာပါတယ်။
လျှပ်စစ်ကားတွေ က အင်ဂျင်ကားတွေ ထက် မကောင်းဘူး မမြန်ဘူး ဆိုတဲ့ အတွေး အထင် ကို ပြောင်းပေးနိုင်ခဲ့ပါတယ်။ သဘာဝ ပတ်ဝန်းကျင် ကို ဂရုစိုက်ရုံ တခုတည်းနဲ့တော့ Tesla လျှပ်စစ်ကား ကို မောင်းချင်တာတော့ မဟုတ်ပါဘူး။ မောင်းရတဲ့ အတွေ့အကြုံ၊ ပါဝင်တဲ့ အတွင်းပစ္စည်း Features တွေက တခေတ်ဆန်း စေခဲ့ပါတယ်။ ဒါကြောင့်လည်း မာကတ်တင်း ကြော်ငြာဖိုး ဆိုတာ Elon Musk ကုမ္ပဏီတိုင်း မတွေ့ဖူးပါဘူး။ ကွာလတီ အရည်အသွေး ကောင်းလွန်းလို့ ပါးစပ်ပြော ပြောရင်းနဲ့ပဲ နာမည် က ကြီးပြီးရင်းကြီး၊ ရပြီးရင်းရ လာတာပါ။

Elon Musk က Tesla ကား မော်ဒယ် ကို SEXY အတိုင်း အစဉ်လိုက် ထုတ်ခဲ့ပါတယ်။
Model S, Model E, Model X, & Model Y
Model E က မူပိုင်ခွင့် ပြဿနာတက်လို့ Model 3 ဆိုပြီး ပြောင်းခဲ့ပါတယ်။
3 ဆိုတာ E ပြောင်းပြန်ပါပဲ။
S3XY
