The 80/20 Rule ကို တနည်းအားဖြင့် The Pareto Principle လို့လည်း ခေါ်ကြတယ်။
80/20 နည်းဥပဒေသ
20% သော လုပ်အား / အချိန် / ကြိုးစားအားထုတ်မှုတွေကြောင့် 80% သော ရလဒ် / ဝင်ငွေ / အမှတ်တွေ ရတယ်။
ကျန် 80% ကတော့ ကျန် 20% ကို ပေးတယ်။
ဒီနည်းဥပဒေသ က နယ်ပယ်လုပ်ငန်းတော်တော်များများ မှာ မှန်တယ်။ ဒါကြောင့်လည်း 80% ရလဒ်ပေးစွမ်းနိုင်သော 20% လုပ်အား ကို အဓိကထား လုပ်ဖို့ အရေးကြီးတယ်။
အဓိက နဲ့ သာမည ခွဲခြားတတ်ရမယ်။
အဓိက က အဓိက ပဲ။
Pareto’s Principle
Vilfredo Pareto ဆိုသူက ဘာ သတိထားမိသွားတာလည်း ဆိုတော့ “20% သော လူတွေက 80% သော မြေကို ပိုင်ဆိုင်တယ်” ဆိုတာပဲ။ ဒါကနေပဲ အခြားနေရာမှာလည်း အဲ့နည်းဥပဒေ အသုံးချလို့ ရရင်းကနေ Pareto’s Principle ဖြစ်လာတာ။